Food

ဒူးရင်းသီးအနံ့အရသာ အပြည့်အဝခံစားမိစေမယ့် ဒူးရင်းပီဇာပြုလုပ်နည်း

Want create site? Find Free WordPress Themes and plugins.

ဒူးရင်းသီးချစ်သူတွေကတော့ ဒူးရင်းသီးကို အသီးတို့ရဲ့ဘုရင်လို့တောင် တင်စားကြတဲ့ထိ နှစ်သက်စွဲလမ်းကြတာပါ။ အသီး အတိုင်းစားကြရာက နောက်ပိုင်းမှာ ဒူးရင်းသီးအသားကိုအသုံးပြုပြီး အချိုပွဲတွေထိ ဖန်တီးကြသလို အခုနောက် ပိုင်းလည်း ဒူးရင်းပီဇာဆိုပြီး ခေတ်စားလာပြန်ပါတယ်။ ဆိုင်မှာဝယ်စားရတာအားမရလို့ အိမ်မှာပဲ ဒူးရင်းပီဇာ လုပ်စားကြည့်ချင်တယ်ဆိုရင်တော့ ပါဝင်ပစ္စည်းတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

ဒူးရင်းသီး

ဂျုံမှုန့်

သကြား

တစေး

ဆား

နွားနို့

ကြက်ဥ

ထောပတ်

Mozzarella Cheese တို့လိုအပ်ပါတယ်။

အရင်ဆုံး ပီဇာဂျုံသားလုပ်ဖို့ ဂျုံနယ်ပါမယ်။ ပန်းကန်လုံးတလုံးထဲမှာ နွားနို့၊ ကြက်ဥ၊ သကြား၊ တစေးတို့ကို ရော မွှေပါ။ ပြီးရင်တော့ ဂျုံမှုန့်နဲ့ ဆားအနည်းငယ်ထည့်ပြီး မွှေပါ။ နောက်ဆုံး ထောပတ်ထပ်ထည့်ပြီး မွှေစက်နဲ့သမ သွားအောင် မွှေလိုက်ပါ။ ရလာတဲ့ ဂျုံလုံးကို ပန်းကန်လုံးတခုထဲမှာ ပလတ်စတစ်အိတ်အုပ်ပြီး ၂ နာရီလောက် နှပ်ထားပါ။

နှပ်ထားတဲ့ ဂျုံကို စားမယ့်ပမာဏခွဲပြီး အဝိုင်းပြားပေါ်အောင် လက်နဲ့ဖိနယ်ပေးပါ။ ဂျုံသားကပ်တတ်လို့ ဂျုံမှုန့် ဖြူးပေးရပါတယ်။ အဝိုင်းပြား လိုချင်တဲ့အရွယ်ရပြီဆိုရင်တော့ ဖုတ်မယ့်အပြားပေါ်တင်ပြီး ခရင်းနဲ့ ဂျုံသားကို အပေါက်လေးတွေဖြစ်အောင် ဖောက်ပါ။ ပြီးရင်တော့ ၁၀ မိနစ်လောက်ခဏထားပြီး အပူချိန် ၃၅၀ ဒီဂရီ ဖာရင်ဟိုက်မှာ ၅ မိနစ်လောက် ဖုတ်ပေးပါ။

ဒူးရင်းသီးအသားတွေပဲ ဖယ်ထုတ်ထားတဲ့ထဲကို Whipping Cream ၊ နို့ဆီအနည်းငယ်ထည့်ပြီး အနှစ်တွေပဲရ အောင် ဆန်ကာနဲ့အနှစ်တိုက်ချပါ။ ဖုတ်ထားတဲ့ ပီဇာအောက်ခံအသားပေါ်ကို ဒူးရင်းသားတွေ ပြန့်သွားအောင် ဖြန့်လိုက်ပါ။ အပေါ်ကနေ Mozzarella Cheese ဖြူးပြီး ၂၀၀ ဒီဂရီဖာရင်ဟိုက်မှာပဲ နောက်ထပ် ၁၀ မိနစ် လောက် ထပ်ဖုတ်လိုက်ရင် အရသာဆိမ့်ချိုပြီး ဒူးရင်းနံ့မွှေးမွှေးလေးနဲ့ အားလုံးကြိုက်မယ့် ဒူးရင်းပီဇာလေး ရပါ ပြီ။

Ref: Breakfast Recipes

Did you find apk for android? You can find new Free Android Games and apps.
Loading