Food

ရာသီဥတု ဆိုးရွားလာမှုကြောင့် နောင်အနာဂတ်မှာ စားရဖို့ မသေချာတော့တဲ့ အစားအစာများ

Want create site? Find Free WordPress Themes and plugins.

တနှစ်ထက်တနှစ် ပျက်စီးယိုယွင်းလာတဲ့ ရာသီဥတုနဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေတွေဟာ လူသားတွေရဲ့ နေထိုင် စားသောက်မှုအပေါ် တဖြည်းဖြည်းနဲ့ သက်ရောက်လာမှာကို မိုးလေဝသ ပညာရှင်တွေ၊ သုတေသီတွေနဲ့ စိုက်ပျိုးရေးသမားတွေဟာ စိုးရိမ်လာနေကြပါပြီ။

သဘာဝတရားကြီးကနေ လူသားတွေအတွက် ပေးအပ်ထားတဲ့ အစားအစာ ရင်းမြစ်တွေဟာ ရာသီဥတု ပြင်းထန်ဆိုးရွားလာမှုကြောင့် နောင်အနာဂတ်မှာ ပျောက်ကွယ်သွားနိုင်ခြေရှိတယ်လို့ လေ့လာသူတွေက ခန့်မှန်းပြောဆိုထားကြပြီး အခုဖော်ပြပေးမယ့် အစားအစာတွေကတော့ နောင်လာမယ့် အနာဂတ်မှာ စားရဖို့ မသေချာတော့တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။

(၁) ပျားရည်

လက်ရှိ အခြေအနေမှာတောင် ပျားရည်စစ်စစ် ရဖို့ဟာ အင်မတန် ခဲယဉ်းနေတာကို လူတိုင်းသိကြမယ် ထင်ပါတယ်။ ပျားတွေဆီကနေ ရရှိတဲ့ သဘာဝပျားရည်ဟာ ကျန်းမာရေးအတွက် ကောင်းကျိုးတွေများစွာ ရှိပေမယ့် ရာသီဥတု ဖောက်ပြန်လာမှုနဲ့ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှုက ပျားရည်စစ်စစ် ရဖို့ကို ခဲယဉ်းစေပါတယ်။

(၂) ကော်ဖီ

ကမ္ဘာကျော် ကော်ဖီထုတ်လုပ်ရေး ကုမ္ပဏီတွေဖြစ်တဲ့ Starbucks နဲ့ Lavazza တို့လို ကုမ္ပဏီကြီးတွေပါ စိုးရိမ်နေကြတဲ့ အနေအထားတခုဖြစ်ပြီး သစ်တောပြုန်းတီးလာမှုနဲ့ ရာသီဥတု မမှန်ကန်မှုက ကော်ဖီပင်တွေ စိုက်ပျိုးထုတ်လုပ်မှုကို ခြိမ်းခြောက်လာနေပါပြီ။ လာမယ့် ၂၀၅၀ ခုနှစ်မှာ ကော်ဖီပင် အရေအတွက် လျော့နည်းသွားနိုင်သလို ကော်ဖီ ဈေးနှုန်းမြင့်တက်လာမှုတွေ ရှိလာနိုင်တယ်လို့လည်း ခန့်မှန်းပြောဆိုနေကြပါတယ်။

(၃) နှံစားသီးနှံတွေ

အဓိကအစားအစာအဖြစ် စားသုံးကြတဲ့ ဆန်၊ ဂျုံနဲ့ တခြားသော အစေ့အဆန်တွေဖြစ်တဲ့ မြေပဲလို အစားအစာတွေဟာ ရာသီဥတုသက်ရောက်မှုကြောင့် လုံးဝပျောက်ကွယ်သွားနိုင်တယ်လို့ မပြောနိုင်ပေမယ့် ပါဝင်တဲ့ အာဟာရဓာတ် တွေကတော့ လျော့နည်းဆုံးရှုံးသွားနိုင်တယ်လို့ သုတေသီတွေက ခန့်မှန်းထားကြပါတယ်။

(၄) ချောကလက်

ချောကလက်ကို အဓိကထုတ်လုပ်ပေးတဲ့ Cacao အပင်တွေဟာ ပူပြင်းလွန်းတဲ့ ရာသီဥတုကို ခံနိုင်ရည် မရှိကြပါဘူး။ မိုးများပြီး စိုထိုင်းစများတဲ့ အခြေအနေမှသာ ရှင်သန်ပေါက်ရောက်နိုင်တာကြောင့် တနှစ်ထက်တနှစ် ပိုမိုပူပြင်းလာတဲ့ ရာသီဥတုမှာ ချောကလက်တွေ ဆက်လက် ရှိနေဖို့ဆိုတာဟာ မသေချာတော့ပါဘူး။

(၅) ဘီယာ

ဘီယာချက်လုပ်ခြင်းမှာ အဓိကအားဖြင့် ပါဝင်တဲ့ မုယောစပါးနဲ့ တစေး စတဲ့ သဘာဝထွက်ကုန်တွေဟာ ရာသီဥတု မမှန်ကန်မှုကြောင့် အရည်အသွေး မပြည့်ဝတာမျိုး ဖြစ်လာနိုင်တဲ့အတွက် နောင်အနာဂတ်မှာ အရည်အသွေးပြည့်မှီတဲ့ ဘီယာကောင်းတခွက် သောက်သုံးရဖို့ဆိုတာဟာ မသေချာတဲ့ အနေအထားတခုဖြစ်ပါတယ်။

Ref. brightsid.me

Did you find apk for android? You can find new Free Android Games and apps.
Loading