ကျစ်လစ်တဲ့ ကိုယ်ခန္ဓာ၊ သေးသွယ်တဲ့ ခါး၊ ပေါင်တံရှည်လေးတွေကို ပိုင်ဆိုင်ထားတဲ့ ပြင်သစ်ပျိုမေလေးတွေရဲ့ အလှကတော့ တကယ့်ကို ချီးကျူးစရာပါ။ အဆီအဆိမ့်နဲ့ ဝိုင်အသောက်များတဲ့ နိုင်ငံမှာ ပြင်သစ်ပျိုမေတွေရဲ့ သွယ်လျတဲ့ခန္ဓာကိုယ် ထိန်းသိမ်းနည်း လျှု့ိဝှက်ချက်တွေက ဘာတွေဖြစ်မလဲ။
အစားအသောက်ကို တတ်နိုင်သမျှ ထိန်းပြီးစားပါတယ်။ ပြည့်အင့်အောင်မစားတတ်ဘဲ သင့်တင့်ရုံလောက်ပဲ ထိန်းစားကြပါတယ်။ မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အရသာရှိတာတွေစားရင်း ဖြတ်သန်းချင်တဲ့ စိတ်နဲ့ပဲ ပေါ့ပေါ့ပါးပါးစားလေ့ရှိပါတယ်။
အစားအစာတွေ ရွေးချယ်တဲ့နေရာမှာ ကောင်းပေ့ညွှန့်ပေးဆိုတာတွေကိုပဲ ရွေးလေ့ရှိပါတယ်။ အရသာ၊ လတ် ဆတ်မှုတွေက တကယ့်ထိပ်တန်းအဆင့်ရှိ အစားစာမျိုးကိုပဲ ဂရုစိုက်ရွေးချယ်ပါတယ်။ ဒါကြောင့်လည်း ပမာဏ နည်းနည်းနဲ့ အကောင်းစားတွေကိုပဲ စားကြတာပါ။
ပြင်သစ်ပျိုမေတွေဟာ အစားအစာကို သိပ်ဇီဇာကြောင်လေ့မရှိပါဘူး။ အများအားဖြင့် ဘယ်အစားအစာမဆို အားလုံးလိုလိုစားလေ့ရှိပြီး နည်းနည်းနဲ့ အသင့်အတင့်ပမာဏလောက် ထိန်းစားကြပါတယ်။ သူတို့အကြိုက်ဆုံး အစားအစာကတော့ ပေါင်မုန့်ဖြစ်ပြီး ဘယ်တော့မှ အကြိုက်ဆုံး အစားအစာကိုတောင် တခါတည်းအများကြီး စားလေ့မရှိပါဘူး။
အစားအသောက်ပမာဏကို သေချာတွက်ချက်ပြီးမှ အာဟာရပြည့်အောင် မျှမျှတတစားကြသလို၊ အရသာမခံဘဲ မြန်မြန်ဆန်ဆန်စားတာမျိုးကို လုပ်လေ့မရှိပါဘူး။ ပြင်သစ်ပျိုမေတွေ လန်းဆန်းတက်ကြွနေတဲ့ လျှို့ဝှက်ချက်က အကောင်းစားမိတ်ကပ်တွေ၊ ဖက်ရှင်ကျကျအဝတ်အစားတွေကြောင့်ပဲ မဟုတ်ပါဘူး။ သူတို့ကို နောက်ထပ် တက်ကြွလန်းဆန်းစေတာကတော့ အချိုနဲ့ အငန်ဓာတ်ပါတဲ့ အစားအစာတွေပါတဲ့။
ဒါပေမယ့်လည်း အချို၊ အငန် လွန်လွန်ကဲကဲ ပြုပြင်ဖန်တီးထားတဲ့ အစားအစာမျိုးမဟုတ်ဘဲ သဘာဝအတိုင်း ရတဲ့အရသာမျိုးကို ပိုနှစ် ခြိုက်ကြပါတယ်။
အလုပ်တွေများပြီး စိတ်ဖိစီးလာတဲ့အခါ အစားအသောက်ပိုစားလေ့ရှိတာမျိုးကို ပြင်သစ်အမျိုးသမီးတွေ လုပ် လေ့မရှိပါဘူး။ တချို့က စိတ်ဖိစီးမှုသက်သာအောင် အချိုတွေအရမ်းစားကြပါတယ်။ ဒါဟာ ကျန်းမာရေးမျှခြေ ကို ပျက်စီးစေပါတယ်။
ပြင်သစ်ပျိုမေတွေ ဘယ်တော့မှ ကိုယ်အလေးချိန်ကျအောင်ဆိုပြီး အစားလျော့စားတာ၊ လေ့ကျင့်ခန်းပြင်းပြင်း ထန်ထန် လုပ်တာမျိုးမရှိပါဘူး။ နေ့စဉ်သွားလာရင်းနဲ့ပဲ ကိုယ်လက်လှုပ်ရှားဖြစ်သလို၊ တချို့နေရာတွေကို ကားနဲ့ သွားမယ့်အစား လမ်းလျှောက်တာမျိုးကို နှစ်သက်ကြပါတယ်။
သူတို့ဟာ ဘယ်တော့မှ ကိုယ်အလေးချိန်ကို ကိန်းဂဏန်းတွေနဲ့ ပိတ်လှောင်မထားကြပါဘူး။ ပေါင်ချိန်စက်ပေါ်က နံပါတ်တွေနဲ့ အစားအစာချင်စိတ်ကို ထိန်းချုပ်နေရတာမျိုးကို မနှစ်သက်ကြပါဘူး။ သူတို့နေ့စဉ် ဘဝမှာပဲ အစား အသောက် အနေအထိုင် ဓလေ့တွေနဲ့ထိန်းရင်း ကိုယ်ခန္ဓာကျန်းမာအောင် ပြုပြင်ယူသွားကြတာပါ။
Ref: BetterMe tips