ရေခဲသေတ္တာထဲမှာ သိမ်းထားတဲ့ အစားအစာတွေ အချိန်အကြာကြီး လတ်ဆတ်နေဖို့ဆိုရင် အတွင်းပိုင်း အ အေးပမာဏ မှန်ကန်အောင်ထားဖို့ လိုအပ်ပါတယ်။ ရေခဲသေတ္တာကို ဖွင့်လိုက်တာနဲ့ အနံ့တွေထွက်နေတာ၊ ရေ ခဲအရည်ပျော်ပြီး ယိုစိမ့်နေတာ၊ ထည့်ထားသမျှ အစားအစာတွေ ခဏလေးနဲ့ ပျက်စီးသွားတာတွေဟာ ရေခဲ သေတ္တာအတွင်းပိုင်း အအေးပမာဏကို သေချာမညှိထားလို့ ဖြစ်ရတာပါ။
FDA ရဲ့ စံသတ်မှတ်ချက်အရ ရေခဲသေတ္တာအတွင်းပိုင်း အအေးပမာဏဟာ ၄၀ ဒီဂရီဖာရင်ဟိုက်ဝန်းကျင်မှာ ရှိသင့်ပြီး အအေးခန်း Freezer ကိုတော့ သုညဒီဂရီ ဖာရင်ဟိုက်လောက်ထိ ထားသင့်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း တခါတည်းတွဲပါလာတဲ့ အပူချိန်ခလုတ်တွေမှာ အနည်းအများကလွဲပြီး ဒီဂရီအတိအကျမပါတာ ကြောင့် အိမ်သုံးသာမိုမီတာတခုဝယ်ထားပြီး ချိန်ညှိသင့်ပါတယ်။
အအေးပမာဏကို စနစ်တကျချိန်ညှိထားရင် သိမ်းထားမယ့်အစားအသောက်တွေ အလွယ်တကူ ပုပ်သိုးသွား ခြင်းမရှိသလို၊ လတ်ဆတ်စေပါတယ်။ Freezer အအေးခန်းထဲမှာလည်း စံသတ်မှတ်အအေးပမာဏအတိုင်း ညှိ ထားမယ်ဆိုရင် အသား၊ ငါးတွေက လတ်ဆတ်နေအောင် ထိန်းသိမ်းပေးထားနိုင်ပါတယ်။
အတွင်းပိုင်းအအေးပမာဏတွေ ချိန်ညှိထားရက်သားနဲ့ ရေခဲသေတ္တာထဲမှာ ပုံမှန်ထက် ပိုပူလာတာ၊ အေးလာ တာမျိုးဖြစ်တာဟာ အသုံးပြုတာကြာလို့ စက်ချို့ယွင်းတာမျိုးလည်းဖြစ်နိုင်သလို၊ သင်အသုံးပြုပုံ မှားယွင်းနေလို့ လည်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ရေခဲသေတ္တာကို မလိုအပ်ဘဲ တံခါးမဖွင့်ထားပါနဲ့။ ယူစရာရှိတဲ့ အစားအစာတွေကို ယူပြီးတာနဲ့ ချက် ချင်းပြန်ပိတ်ပါ။ ရေခဲသေတ္တာထဲမှာ ပစ္စည်းတွေထည့်သိမ်းတဲ့အခါ စနစ်တကျလေး ထားသိုပါ။ တခုပေါ်တခု ထပ်ပြီး အပြည့်အသိပ်ထည့်ထားရင် လေဝင်လေထွက်မကောင်းတော့ဘဲ အတွင်းပိုင်းအအေးပမာဏ ရုတ်တ ရက်ကျသွားတာမျိုး ဖြစ်နိုင်ပါတယ်။
တခြားအိမ်သုံးပစ္စည်းတွေလိုပါပဲ ရေခဲသေတ္တာကို ပုံမှန်သန့်စင်ပေးသင့်ပါတယ်။ အိမ်သုံးပစ္စည်းတွေဆိုတာ နေ့ တိုင်းသုံးနေပြီး ပုံမှန်ဂရုမစိုက်ရင် သက်တမ်းတိုပြီး ပျက်စီးလွယ်ပါတယ်။ ဒါကြောင့် ရေခဲသေတ္တာအတွင်းပိုင်းကို အနံ့အသက်ကောင်းအောင် ထည့်ထားတဲ့ပစ္စည်းတွေ ခဏထုတ်ပြီး မုန့်ဖုတ်ဆော်ဒါနဲ့ ရေရောပြီး ရေမြှုပ်လေးနဲ့ အကန့်တိုင်းကို သန့်စင်ပေးပါ။
နောက်ထပ် ပုံမှန်သန့်စင်ပေးဖို့ လိုအပ်တာကတော့ ရေခဲသေတ္တာ Condenser Coil တွေပါ။ ပုံမှန်အားဖြင့် ရေခဲ သေတ္တာ နောက်ကျောဘက်နဲ့ အောက်ဘက်မှာရှိတဲ့ Condenser coil တွေမှာ ကြာလာရင် ဖုန်မှုန့်နဲ့ အညစ်အ ကြေးတွေ ကပ်ညှိနေလို့ အတွင်းပိုင်းမှာ မအေးတော့ဘဲ ပူလာတတ်ပါတယ်။ ဒါကြောင့် ဘရက်ရှ်လေးနဲ့ သေချာ သန့်စင်ပေးသင့်ပါတယ်။
Ref: Reader’s Digest