နှင်းသီးလို့ ခေါ်ပေမယ့် ဆောင်းရာသီမှာ မသီးဘဲ နွေရာသီနှောင်းပိုင်းကာလမှာမှ သီးတဲ့ ရာသီစာသီးနှံတမျိုးဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ သွားရည်စာသီးနှံအဖြစ် စားသုံးလေ့ရှိကြပါတယ်။ တခြားသောနိုင်ငံတွေမှာတော့ အချိုရည်၊ယို အဖြစ်ပြုလုပ်စားသုံးကြပြီး နှင်းသီးဟာ ကယ်လိုရီပါဝင်မှုနည်းပါးတဲ့ အသီးဖြစ်တာကြောင့် ကျန်းမာရေးကောင်းကျိုး တွေကတော့ အမြောက်အများပဲ ဖြစ်ပါတယ်။
(၁) ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်
နှင်းသီးမှာ ရေဓာတ်၊ ဗီတာမင်နဲ့သတ္တုဓာတ်တွေ အများအပြားပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်းက အဆိပ်အတောက် တွေကို သဘာဝအတိုင်း ဖယ်ရှားသန့်စင်ပေးနိုင်ပါတယ်။
(၂) အသားအရေကို သန့်စင်ကြည်လင်စေတယ်
နှင်းသီးမှာပါဝင်တဲ့ ဗီတာမင်စီနဲ့ ကော်လဂျင်ဓာတ်တွေဟာ အရေပြားယားယံခြင်း၊ အရေပြားမှိုစွဲခြင်း၊ အရေပြားဓာတ်မတည့်ခြင်း စတာတွေကို ပျောက်ကင်းစေနိုင်ပြီး အသားအရေကို စိုပြည်ကြည်လင်စေနိုင်ပါတယ်။
(၃) သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ်
နှင်းသီးမှာပါဝင်တဲ့ Antioxidant ဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး အဆင့် ၁ ဆီးချိုရောဂါဖြစ်ပွားခြင်း ကနေ ကာကွယ်ပေးနိုင်ပါတယ်။
(၄) သွေးတွင်းက မကောင်းတဲ့ ကိုလက်စထရောတွေကို ကျဆင်းစေတယ်
တနေ့ကို နှင်းသီးသုံးလုံးစားပေးခြင်းဟာ တပတ်အကြာမှာ သွေးတွင်းက မကောင်းတဲ့ ကိုလက်စထရောပမာဏကို ၁၉ ရာခိုင်နှုန်းခန့် ကျဆင်းစေနိုင်ပါတယ်။
(၅) နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်
နှင်းသီးမှာ အဆီဓာတ်နဲ့ ကိုလက်စထရော ပါဝင်မှုမရှိတာကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး ရုတ်တရက်နှလုံးဖောက်ခြင်းနဲ့ လေဖြတ်ခြင်းတို့ကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။
Ref. www.finelib.com