ဖျော်စက်ဟာ အရမ်းအသုံးဝင်တဲ့ မီးဖိုချောင်သုံးပစ္စည်းတခု ဖြစ်ပါတယ်။ အိမ်ရှင်မတွေကို အလုပ်ရှုပ်သက်သာစေတဲ့ အရာဆိုလည်း မမှားပါဘူး။ အသီးအနှံတွေကို ဖျော်စက်ထဲ ထည့်ပြီး ဖျော်ကြတယ် ဆိုပေမယ့် ထည့်မဖျော်သင့်တဲ့ အစားအသောက်တွေ ရှိပါတယ်။ ဒါကြောင့် ဒီတခါမှာ ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) အစိမ်းရောင် အရွက်များ
အစိမ်းရောင် အရွက်တွေကို ဈေးက ဝယ်လာပြီးပြီးချင် ဖျော်စက်ထဲ ထည့်မဖျော်သင့်ပါဘူး။ ဖျော်စက်က မော်တာက အရွက်ကိုတောင် အရောင်ပြောင်းစေတာကြောင့် ၅ မိနစ်ခန့် ရေခဲသေတ္တာထဲမှာ ထားပြီးမှသာ ဖျော်ဖို့ တိုက်တွန်း ချင်ပါတယ်။
(၂) အမျှင်ဓာတ်များတဲ့ အစားအစာများ
အမျှင်ဓာတ်များတဲ့ အစားအစားတွေကိုတော့ ဖျော်စက်ထဲ လုံးဝ ထည့်မဖျော်သင့်ပါဘူး။ သင့်ရဲ့ ဖျော်စက်က ဘယ်လောက်ပဲ ကောင်းနေစေဦးတော့ မထည့်သင့်ဘူးလို့ စားဖိုမှူးတွေက အကြံပေးထားကြပါတယ်။
(၃) အေးခဲနေတဲ့ အသီးများ
အေးခဲနေတဲ့ အသီးတွေကို ဖျော်စက်ထဲ ထည့်ပြီး ဖျော်သောက်မယ်ဆိုရင် ခဲချင်ချင်ဖြစ်နေတဲ့ ဖျော်ရည်ကို ရနိုင်ပေမယ့် စက်ကို ပျက်စီးပါတယ်။ ဖျော်စက်ထဲကို ရေခဲ အတုံးလိုက် ထည်ပြီး ဖျော်ခြင်းက စက်မှာပါတဲ့ အသွားတွေကို ကျိုးပဲ့စေနိုင်ပါသေးတယ်။
(၄) အခွံမာစေ့များ
အခွံမာစေ့တွေအပြင် ကော်ဖီစေ့နဲ့ ပဲစေ့တွေကို ဖျော်စက်ထဲ ထည့်မကြိတ်သင့်ပါဘူး။ အခွံမာစေ့တွေကိုထည့်ကြိတ်ခြင်းက စေးကပ်ကပ်အနှစ်တွေကို ဖြစ်စေနိုင်ပြီး တချို့စက်တွေဆိုရင် အရမ်းမာတဲ့ အစေ့တွေကို ကြိတ်ရတဲ့ အတွက် အသွားကျိုးတာတွေ ဖြစ်တတ်ပါတယ်။
(၅) အနံ့ဆိုးတဲ့ အစားအသောက်များ
ဖျော်စက်ထဲကို ကြက်သွန်၊ ငရုတ်ကောင်း၊ စတဲ့ အစားအသောက်တွေ ထည့်ပြီး ကြိတ်မယ်ဆိုရင် ခဏတာဟင်းချက်ဖို့ အဆင်ပြေသွားပေမယ့် စက်မှာ အနံ့စွဲနေတတ်ပါတယ်။ ကြက်သွန်ဖြူ စတဲ့ အရာတွေဟာ အနံ့ပြင်းလွန်းတာကြောင့် တခါတလေမှာ စက်ကို သေချာဆေးရင်တောင် အနံ့ရနေတတ်တာကြောင့် ထည့်မကြိတ်တာ အကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ်။
Ref. rd.com