Food

စိတ်ကျန်းမာရေး ပြဿနာတွေကို သတိမူမိစေမယ့် Burger King ရဲ့ မီနူးအသစ်

Want create site? Find Free WordPress Themes and plugins.

အသင့်စား အစားအစာလောကမှာ နာမည်ကျော် McDonald က ရောင်းချပေးနေတဲ့ Happy Meals အကြောင်းကို သိပြီးပြီဆိုရင်တော့ အခုသူ့ရဲ့အဓိကပြိုင်ဘက်ကြီး Burger King က ဆန့်ကျင်ဘက်အနေနဲ့ မီနူးအသစ်တမျိုးကို ချပြပါတော့မယ်။

Burger King ရဲ့ မီနူးအသစ် Package ဘူးပေါ်မှာ “No One is Happy All The Time” လို့ရေးထားပြီး “လူတိုင်း အချိန်ပြည့် မပျော်ရွှင်နိုင်ပါဘူး”လို့ အဓိပ္ပာယ်ရတဲ့ Unhappy Meals မီနူးအသစ်ကို စတင်ရောင်းချဖို့ စီစဉ်ခဲ့တာပါလို့ Burger King ရဲ့တာဝန်ရှိသူတွေက ဆိုပါတယ်။

နောက်ထပ်အကြောင်းရင်းကလည်း လူမှုပတ်ဝန်းကျင်မှာ ခံစားနေရတဲ့ စိတ်ကျန်းမာရေးအကြောင်းကို လူတွေ ပိုပြီး သတိထားမိလာအောင် အမျိုးအစား ၅ မျိုးကို အရောင် ၅ မျိုးနဲ့ အကန့်အသတ်ထား ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။

အသစ်ရောင်းချတော့မယ့် အစားအစာ မီနူးအသစ် ၅ မျိုးကတော့ “Blue Meal, Salty Meal, Yaaas Meal, DGAF Meal နဲ့ Pissed Meal” ဆိုပြီး နာမည်တွေပေးထားကာ ဘူးထဲမှာ ဘာဂါ၊ အာလူးချောင်းကြော်နဲ့ သောက်စရာတမျိုး ပါဝင်မှာ ဖြစ်ပါတယ်။

မီနူးအသစ်နဲ့ပတ်သက်ပြီး “လူတိုင်း အချိန်ပြည့် မပျော်ရွှင်နိုင်ဘူးဆိုတာ Burger King က နားလည်သဘောပေါက်တာမို့ လာစားမယ့် ဖောက်သည်တွေကို ကျတော်တို့ ဝန်ထမ်းတွေက ခံစားနေရတဲ့ ဖီလင်ကို မေးမြန်းပြီး သက်ဆိုင်ရာမီနူးကို မှာပေးမှာပါ” လို့ အွန်လိုင်းကနေ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီအစားအစာ မီနူးအသစ်ကို ထုတ်လုပ်ရောင်းချတဲ့ ရည်ရွယ်ချက်လည်း အမေရိကန် စိတ်ကျန်းမာရေးအဖွဲ့ကြီး (MHA)နဲ့ ပူးပေါင်းပြီး စိတ်ကျန်းမာရေးအကြောင်းကို လူတွေ သတိထားမိလာအောင် နိုးဆော်တာဖြစ်ပြီး မေလအတွင်း အမေရိကန်မြို့ကြီးအချို့မှာ ပစ္စည်းလက်ကျန်ရှိတဲ့ထိ ရောင်းချပေးသွားမှာပါ။

“ဘယ်သူမှ စိတ်ကျန်းမာရေး လှုံ့ဆော်မှုကို အသင့်စား အစားအစာတွေနဲ့ တွဲဖက် လုပ်ဆောင်မယ်လို့ မထင်ကြပါဘူး။ ဒါကြောင့်လည်း MHA နဲ့ဆွေးနွေးပြီး ပြင်းထန်တဲ့ စိတ်ကျန်းမာရေး အခြေအနေတွေထိ မရောက်သေးခင် ခံစားရမယ့် အဆင့်တွေကို လူတွေသတိထားမိလာအောင် လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ” လို့ Burger King က တာဝန်ရှိသူတဦးက ဆိုပါတယ်။

Unhappy Meals နဲ့ ပတ်သက်ပြီး လက်ခံတဲ့ ဘက်နဲ့ လက်မခံတဲ့ တုန့်ပြန်ချက်တွေလည်း ကြားရပါတယ်။ တချို့ကတော့ ဒီအစီအစဉ်ကို ကြိုဆိုကြပြီး တချို့ကတော့ ဘူးပေါ်မှာ ရေးထားတဲ့ စာတွေမှာ ရိုင်းပျတဲ့ စကားလုံးတွေ ပါလို့ ဝေဖန်နေကြပါတယ်။

Ref: Elite Readers

You May Also Like These Stories :

ကန်စွန်းဥချောင်းကြော်အသစ်ကို မိတ်ဆက်လိုက်တဲ့ McDonald’s 

မကြာခဏ စားသုံးခြင်းကို ရှောင်ကြဉ်သင့်တဲ့ သရေစာများ

အစားအသောက်တွေမှာ ပါဝင်တဲ့ ကယ်လိုရီပမာဏများ

Did you find apk for android? You can find new Free Android Games and apps.
Loading