ကိုယ်အလေးချိန် လျှော့ချချင်တဲ့သူတွေဟာ ညဘက်မှာ အစားအရမ်းကို ဆင်ခြင်ရပါတယ်။ ပါးစပ်ကလည်း အမြဲ တခုခု စားချင်နေတာမျိုး၊ ဝိတ်တက်မှာလည်း ကြောက်တဲ့အခါတွေမှာ စားလို့ အဆင်ပြေမယ့် အစားအသောက်တွေ ရှိပါတယ်။ ဒါကြောင့် ညဘက်မှာ စိတ်ချလက်ချ စားလို့ ရတဲ့ အစားအသောက်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) အာလူးပြုတ်
ကိုယ်အလေးချိန် လျှော့ချတဲ့ လူတွေ တော်တော်များများက အာလူးကို ရှောင်ကြပါတယ်။ Carbohydrate ပါဝင်တဲ့ အာလူးဟာ ကြော်ပြီး မစားသရွေ့ကိုယ်အလေးချိန် တက်နိုင်ချေလည်း နည်းပါတယ်။ နောက်ပြီး အာလူးဟာ အာဟာရဖြစ်ပြီး အဆာခံတယ်လို့ သိရပါတယ်။
(၂) ပန်းသီး
Pectin လို့ ခေါ်တဲ့ အမျှင်ဓာတ် ပါဝင်တာကြောင့် ပန်းသီးဟာ အစာချေဖျက်တဲ့ စနစ်ကို ထိန်းညှိပေးပါတယ်။ ရေဓာတ်လည်း လုံလောက်စွာ ပါဝင်တာကြောင့် ပန်းသီးကို ကြိုက်သလောက် စားနိုင်ပြီး ကယ်လိုရီနည်းနည်းနဲ့ ဗိုက်ဝ နိုင်ပါတယ်။
(၃) ငါး
ပရိုတင်းများများစားတဲ့ ကိုယ်အလေးချိန် လျှော့ချနည်းဟာ ကိုယ်အလေးချိန် လျှော့ချနေသူကို စိတ်ဖိစီးမှုကင်းစေပါတယ်။ ဥပမာအနေနဲ့ ငါးဟာ အဆီပါဝင်မှု နည်းတယ်ဆိုပေမယ့် ပရိုတင်းနဲ့ အိုမီဂါ ၃ ပါဝင်တာကြောင့် စားသုံးသူကို စိတ်ကျေနပ်မှု ဖြစ်စေနိုင်ပါတယ်။
(၄) ပေါက်ပေါက်ဆုပ်
ကိုယ်အလေးချိန် လျှော့ချနေသူတွေ အနေနဲ့ ညဘက်အားလပ်ချိန်တွေမှာ မုန့်တွေ စားချင်တယ်ဆိုရင် ပေါက်ပေါက်ဆုပ်ကို စားနိုင်ပါတယ်။ ပြောင်းဖူးဟာ အမျှင်ဓာတ် ပါဝင်ပြီး ကယ်လိုရီနည်းတာကြောင့် ပေါက်ပေါက်ဖောက်ပြီး စားရင် အဆာပြေမုန့် သဘောမျိုး စားလို့ ရပါတယ်။ ဒါပေမယ့် ရိုးရိုး ပေါက်ပေါက်ဆုပ်ကိုပဲ စားဖို့ တိုက်တွန်းပါတယ်။
Ref. fitnessengage
You may also like these stories:
ကိုယ်အလေးချိန်လျော့ချနေချိန်မှာ လုံးဝမစားသင့်တဲ့ အစားအသောက်များ
ကိုယ်အလေးချိန် လျော့ချနေသူတွေအတွက် အထူးသင့်တော်တဲ့ ရွှေပဲသီး
ကိုယ်အလေးချိန် လျှော့ချဖို့ တူနဲ့ အစာစားတဲ့ မော်ဒယ်
ဘောလိဝုဒ် အနုပညာရှင်တွေရဲ့ ကိုယ်အလေးချိန် လျှော့ချနည်း လျှို့ဝှက်ချက်များ