ကော်ဖီကို စွဲလန်း နှစ်ခြိုက်စွာ သောက်သုံးတဲ့ ကော်ဖီကြိုက်သူတွေအတွက် သောက်နေကျ ကော်ဖီအရသာကို ပိုမိုကောင်းမွန်လာစေမယ့် နည်းလမ်းအချို့ကို မျှဝေပေးချင်ပါတယ်။ သောက်သုံးနေကျ သကြား၊ နို့စတာတွေနဲ့ ကော်ဖီဖျော်စပ်တာအပြင် ကော်ဖီအရသာသစ်ကို မြည်းစမ်းကြည့်ချင်သူတွေအတွက် နည်းလမ်းကောင်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) သကြားအစား သစ်ကြံပိုးခေါက်မှုန့် ထည့်သွင်း ဖျော်စပ်ပါ
ကော်ဖီဖျော်စပ်ရာမှာ သကြားဟာ အနည်းနဲ့ အများ ဆိုသလို ပါဝင်တာ မှန်ပေမယ့် သကြားဟာ ခန္ဓာကိုယ်အတွက်တော့ ကောင်းကျိုးထက် ဆိုးကျိုးတွေကိုသာ ပိုမိုဖြစ်စေပါတယ်။ ဒါကြောင့်မို့လို့ အပြောင်းအလဲအနေနဲ့ သကြားအစား သစ်ကြံပိုးခေါက်မှုန့် အနည်းငယ်ကို ထည့်သွင်း သောက်သုံးခြင်းက ခန္ဓာကိုယ်သွေးလှည့်ပတ်မှုကို ကောင်းမွန်စေနိုင်သလို ကယ်လိုရီတက်ခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၂) ကော်ဖီကို ရေခဲတုံးအဖြစ် ပြုလုပ်ပြီး ဖျော်စပ်ပါ
နေ့လယ် နေ့ခင်း ကော်ဖီအေး သောက်ချင်တဲ့အခါ ကော်ဖီကို ဖျော်နေကျအတိုင်း ရေခဲတုံး ထည့်ဖျော်မယ့်အစား ကော်ဖီကို ရေခဲအဖြစ် အရင်ပြုလုပ်ပြီးမှ နို့နဲ့ ရောစပ်သောက်သုံးခြင်းက ကော်ဖီအရသာကို ပိုမိုထူးခြားကောင်းမွန်စေပါတယ်။
(၃) ချောကလက်မှုန့် ထည့်သွင်း သောက်သုံးပါ
ကော်ဖီ အလွန်အကျွံ သောက်သုံးတဲ့အခါ ခန္ဓာကိုယ်မှာ ကဖင်းဓာတ်လွန်ကဲမှု ပြဿနာဖြစ်ခြင်းကို ချောကလက်မှုန့် ထည့်သွင်းသောက်သုံးခြင်းက ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။ ချောကလက်မှုန့် ထည့်သွင်းသောက်သုံးခြင်းဟာ ကော်ဖီအရသာကို ပိုမိုကောင်းမွန်လာစေနိုင်သလို ကဖင်းဓာတ်များခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၄) ဆားအနည်းငယ် ထည့်သောက်ပါ
တခါတရံမှာ ကော်ဖီသောက်ရတာ တခုခုလိုအပ်နေသလို ခံစားနေရတယ်ဆိုရင်တော့ ကော်ဖီထဲမှာ ဆားအနည်းငယ် ခပ်ပြီး သောက်သုံံးခြင်းက ကော်ဖီအရသာကို ပိုမိုပေါ်လွင်လာစေပါတယ်။
Ref. www.minq.com
You may also like these stories:
ဦးရေပြား ယားယံခြင်းကို သက်သာစေမယ့် လွယ်ကူတဲ့ အိမ်တွင်းကုထုံး နည်းလမ်း ၅ ခု
ကော်ဖီ တခွက်မှာ ပါဝင်တဲ့ ကောင်းမွန်တဲ့ အချက် ၅ ချက်
ကော်ဖီကို နေ့တိုင်းသောက်ရင် ဘာဖြစ်မလဲ
သံဓာတ် အလုံအလောက် ဖြည့်တင်းပေးနိုင်မယ့် အစားအစာများ