နေ့စဉ် စားသုံးနေတဲ့ အစားအစာတွေဟာ ခန္ဓာကိုယ် ကျန်းမာရေးအတွက်သာမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ သက်ရောက်မှု ရှိပါတယ်။ အခုဖော်ပြပေးမယ့် အစားအစာတွေကတော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။
(၁) ချောကလက်
ချောကလက်မှာပါဝင်တဲ့ Flavonoid ဓာတ်ဟာ ဦးနှောက်ဆဲလ်တွေကို ပိုမိုဖွံဖြိုးစေပြီ ဦးနှောက်ရဲ့ လုပ်ဆောင်မှု စွမ်းရည်တွေကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။
(၂) နနွင်း
ဟင်းလျာချက်ပြုတ်ရာမှာ ထည့်သွင်းချက်ပြုတ်လေ့ရှိတဲ့ နနွင်းမှာ ပါဝင်တဲ့ Antioxidant ဓာတ်ဟာ အသက်အရွယ်ကြောင့် ဖြစ်တဲ့ မှတ်ဉာဏ်ဆုံးရှုံးလာမှုကို ကာကွယ်ပေးနိုင်ပြီး အာရုံကြောစနစ်ကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။
(၃) သစ်ကြံပိုးခေါက်
သစ်ကြံပိုးခေါက်မှာပါဝင်တဲ့ Cinnamyl Alcohol နဲ့ Cinnamaldehyde ဓာတ်တို့ဟာ ဦးနှောက်ကို လန်းဆန်းတက်ကြွစေနိုင်ပြီး အာရုံစူးစိုက်မှုအားနဲ့ တွေးခေါ်နိုင်မှုစွမ်းရည်တွေကို ပိုမိုမြင့်တက်စေနိုင်ပါတယ်။
(၄) ကောက်ပဲသီးနှံများ
ဆန်၊ဂျုံ၊ ပြောင်း စတဲ့ ကောက်ပဲသီးနှံတွေမှာ ပါဝင်တဲ့ Gluten ဓာတ်ဟာ ဦးနှောက်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တမျိုးပဲ ဖြစ်ပါတယ်။ Gluten ဓာတ်ချို့တဲ့တဲ့အခါ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ စိုးရိမ်ပူပန်မှုများခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတို့ကို ခံစားရနိုင်ပါတယ်။ ဒါကြောင့်မို့လို့ နေ့စဉ်စားသုံးမှုမှာ ကောက်ပဲသီးနှံ တမျိုးမျိုး ပါဝင်မှုဟာ အင်မတန် အရေးကြီးပါတယ်။
(၅) တူနာငါး
တူနာငါးမှာပါဝင်တဲ့ Mercury ဓာတ်ဟာ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် အာရုံကြောစနစ်ကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။
Ref. brightside.me
You may also like these stories:
ဝမ်းဗိုက်ကပြောတဲ့ ကျန်းမာရေး ပြဿနာများ
စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ နေ့စဉ်ပြုလုပ်နေကျ အပြုအမူများ
အမျိုးသမီးများ ဓမ္မတာလာနေစဉ် အတောအတွင်း ရှောင်ကြဉ်သင့်တဲ့ အစားအစာများ