Food

ဆင်သယောင်နဲ့ ကွဲလွဲနေတဲ့ ပန်းသီးဆိုက်ဒါနဲ့ ပန်းသီးဖျော်ရည်ရဲ့ အကျိုးအာနိသင်များ

Want create site? Find Free WordPress Themes and plugins.

တော်တော်များများ ပန်းသီးဆိုက်ဒါ (Cider) နဲ့ ပန်းသီးဖျော်ရည် (Juice) အကျိုးအာနိသင်ကို အတူတူပဲလို့ ထင်တတ်ကြပါတယ်။ ပန်းသီးကိုအခြေခံ ထုတ်ထားတာချင်းတူလို့ တူညီသယောင် ထင်ရပေမယ့် ခပ်ဆင်ဆင်တူပြီး ကွဲလွဲနေသလို ထုတ်လုပ်ပုံ နည်းစနစ်တွေ၊ အာဟာရတန်ဖိုးနဲ့ အရသာမှာလည်း အနည်းငယ် ကွဲလွဲပါတယ်။

ပန်းသီးဆိုက်ဒါ (Cider)

ပန်းသီးဆိုက်ဒါကို အလွယ်ပြောရရင်တော့ Non-alcoholic ဖျော်ရည်ဖြစ်ပြီး ဆောင်းဦးပေါက်မှာ လုပ်လေ့ရှိကာ ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲတော်တွေမှာ သောက်သုံးကြပါတယ်။ အိမ်မှာပဲ အလွယ်တကူ လုပ်နိုင်ပြီး သကြား မထည့်လို့ အချိုရှောင်ရသူတွေအတွက်လည်း သင့်တော်ပါတယ်။

ပန်းသီးဖျော်ရည်

ပန်းသီးဖျော်ရည်မှာရော ပန်းသီးဆိုက်ဒါမှာပါ ၈ အောင်စကို ကယ်လိုရီ ၁၂၀ ကနေ ၁၃၀ ကြား ရှိပါတယ်။ ဒါပေမဲ့ ပန်းသီးဖျော်ရည်မှာတော့ ထုတ်လုပ်ပုံ စနစ်တွေကြောင့် သဘာဝ ပန်းသီးက ရရှိမယ့် ဗီတာမင်စီ ဓာတ်တွေ လျော့နည်းသွားတာကြောင့် အစားထိုး ထပ်ဖြည့်ပေးထားရပါတယ်။ ဒါ့အပြင် ပန်းသီးဖျော်ရည်မှာ အချိုဓာတ်အတွက် ဓာတုသကြားတွေ ထည့်ထားလို့ ဆီးချို ဝေဒနာရှင်တွေအတွက် မသင့်တော်ပါဘူး။

ပန်းသီးဆိုက်ဒါကတော့ ပန်းသီးက ရတဲ့ ဖျော်ရည်ကို သဘာဝအတိုင်းနီးပါး ပြုလုပ်ထားလို့ ကျန်းမာရေးကို အထောက်အကူပြုစေတဲ့ ဗီတာမင်စီနဲ့ ပက်တင်းဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဓာတုသကြား ထပ်ဖြည့်မထားလို့ သဘာဝသကြားအရသာ ပန်းသီးဖျော်ရည်ထက် ပိုကဲပါတယ်။

ထုတ်လုပ်တဲ့နေရာမှာလည်း ပန်းသီးဆိုက်ဒါကို သဘာဝနည်းလမ်းအတိုင်း ဆေးကြောသန့်စင်ထားတဲ့ ပန်းသီးတွေကို စက်တွေနဲ့ ကြိတ်နယ်လိုက်ရာက ရလာတဲ့ အရည်ကိုပဲ ထုတ်ယူထားတာပါ။ ပန်းသီးဖျော်ရည် ကလည်း လုပ်ပုံလုပ်နည်း ဆင်တူတယ်ဆိုပေမယ့် နောက်ဆုံးအဆင့် စစ်ထုတ်ယူတဲ့နေရာမှာ ကွဲပြားသွားလို့ ပန်းသီးရဲ့ အာဟာရဓာတ်တွေ လျော့နည်းသွားပြီး ဓာတုနည်းတွေနဲ့ အစားထိုးပြန် ဖြည့်စွက် ရပါတယ်။

အရသာအနေနဲ့ကတော့ ပန်းသီးဖျော်ရည်ဘူးတွေကို သောက်လိုက်ရင် တကယ့်သဘာဝ အရသာအတိုင်း ထပ်တူကျတယ်ဆိုပေမယ့် အနံ့၊ အရသာ ဖြည့်စွက်ထားတာပါ။ ပန်းသီဆိုက်ဒါမှာတော့ အချိုအချဉ်အရသာ မျှတအောင် လုပ်ပေးထားတယ်ဆိုပေမယ့် အချဉ်အနံ့က ပန်းသီးဖျော်ရည်ထက် ပိုပြင်းပါတယ်။

ပန်းသီးဖျော်ရည် (Juice) နဲ့ ပန်းသီးဆိုက်ဒါ (Cider)

သဘာဝအတိုင်းနီးပါး ထုတ်လုပ်ထားလို့ ပန်းသီးဆိုက်ဒါရဲ့ သက်တမ်းက သိပ်မခံပါဘူး။ ၂ ပတ် ၃ ပတ် အတွင်း ပျက်သွားတတ်လို့ အမြန်သုံးဖို့တော့ လိုပါတယ်။ နည်းနည်း တာရှည်ခံချင်ရင်တော့ ရေခဲသေတ္တာထဲ သိမ်းထားပါ။ ပန်းသီးဖျော်ရည်ကတော့ ဓာတုနည်းသုံးပြီး သန့်စင်ထုတ်လုပ်ထားလို့ သက်တမ်း ပိုကြာကြာခံပါတယ်။

ပန်းသီးဆိုက်ဒါ ပုံမှန်သောက်သုံးပေးရင် အဆီပိုတွေ ကျသလို၊ အဆင့် ၂ ဆီးချိုဝေဒနာရှင်တွေအတွက် လည်း သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး နှလုံးရောဂါနဲ့ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။ ပန်းသီးဖျော်ရည်မှာတော့ အမျှင်ဓာတ်များလို့ နေ့စဉ် ဝမ်းမှန်ပြီး အစာအိမ် ပြဿနာ ပျောက်ကင်းသလို ဗီတာမင်စီက အသားရေကို ကြည်လင်ဝင်းပစေပါတယ်။

Ref: Organic Facts

Did you find apk for android? You can find new Free Android Games and apps.
Loading