ဝိတ်ချနေသူတွေ ညဘက်မှာ စိတ်ချလက်ချ စားနိုင်မယ့် အစားအစာ ၅ မျိုး
ဝိတ်ချနေသူ အများစုဟာ ညဘက်မှာ အစားစားဖို့ကို ဂရုပြု ရှောင်ကြဉ်လေ့ ရှိကြပါတယ်။ ညဘက် အစားမစားတဲ့အခါ ဆာလောင်မှုကြောင့် အိပ်မရတာမျိုး ဖြစ်တတ်တဲ့အပြင် ရေရှည်မှာဆိုရင်လည်း ကျန်းမာရေးအပေါ် ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါသေးတယ်။
ဒါကြောင့်မို့လို့ ဝိတ်ချနေသူတွေအနေနဲ့ ညဘက် ဗိုက်ဆာချိန်မှာ ဆာလောင်မှုကို ထိန်းချုပ်ထားမယ့်အစား အခုဖော်ပြပေးမယ့် အစားအစာတွေကို စိတ်ချလက်ချ စားသုံးနိုင်မှာ ဖြစ်ပါတယ်။
(၁) ဒိန်ချဉ်
အာဟာရပညာရှင်တွေရဲ့ အကြံပြုချက်တွေအရ ဒိန်ချဉ်ဟာ အဆီဓာတ် ပါဝင်မှု နည်းပါးပြီး ပရိုတင်းဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ကယ်လိုရီလောင်ကျွမ်းမှုကို အထောက်အကူ ဖြစ်စေပါတယ်။ ဒါကြောင့်မို့လို့ ဒိန်ချဉ်ကို ညဘက် ဗိုက်ဆာနေချိန်မှာ စိတ်ချလက်ချ စားနိုင်ပါတယ်။
(၂) ကြက်ဥပြုတ်
ကြက်ဥပြုတ် တလုံးမှာ ၇၅ ကယ်လိုရီပဲ ပါဝင်တာကြောင့် ဝိတ်တက်မှာ စိတ်ပူစရာ မလိုဘဲ ညဘက်တွေမှာ စိတ်ချလက်ချ စားပေးလို့ရပါတယ်။
(၃) ငှက်ပျောသီး
ငှက်ပျောသီးမှာ ပါဝင်တဲ့ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်နဲ့ မယ်လ်တိုနင် ဓာတ်တို့ဟာ ညဘက် နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ကို အထောက်အကူ ဖြစ်စေတဲ့အပြင် အစာကြေလွယ်တာကြောင့် ဝိတ်တက်လာမှာကို စိုးရိမ်စရာ မလိုပါဘူး။
(၄) ပြောင်းဖူးပေါက်ပေါက်
ဘာအရသာမှ ထည့်သွင်းထားခြင်း မရှိတဲ့ ပြောင်းဖူးပေါက်ပေါက်ဟာ ဆာလောင်မှုကို ပြေပျောက်စေနိုင်တဲ့အပြင် ကယ်လိုရီ ပါဝင်မှုလည်း နည်းပါးတာကြောင့် ကိုယ်အလေးချိန် လျှော့ချနေသူတွေအနေနဲ့ ညဘက်တွေမှာ စားပေးနိုင်ပါတယ်။
(၅) ချိစ်
အာဟာရ ပညာရှင်တွေရဲ့ လေ့လာချက်တွေအရ ညဘက်တွေမှာ ချိစ်အပြားငယ်လေးတွေကို စားပေးခြင်းဟာ ခန္ဓာကိုယ်ကို သိသိသာသာ ဝိတ်တက်လာတာမျိုး မဖြစ်စေနိုင်တဲ့အပြင် အဆာခံစေတာကြောင့် ညဘက်တွေမှာ ဗိုက်ဆာလို့ အိပ်မပျော်တာမျိုးကို မဖြစ်စေနိုင်ပါဘူး။
Ref. brightside.me
You may also like these stories:
ညအိပ်တဲ့အချိန် ပန်ကာဖွင့်အိပ်တာမျိုးကို ရှောင်ပါ
သင့်ကျန်းမာရေးကို ထိခိုက်စေတဲ့ ဝတ်စားဆင်ယင်မှု ပုံစံ ၃ မျိုး
အာဟာရဗေဒ ပညာရှင်တွေ လုံးဝ ရှောင်ကြဉ်တဲ့ အစားအစာ ၅ မျိုး
နာနတ်သီးအူတိုင်ကို လွှင့်မပစ်ဘဲ စားသုံးသင့်တဲ့ အကြောင်းရင်း ၅ ချက်