မြန်မာလူမျိုးတွေအကြိုက်ဆုံး ရာသီပေါ်သီးနှံတမျိုးဖြစ်တဲ့ သရက်သီးမှာ ဗီတာမင်အေ၊ စီ၊ အီး၊ Antioxidant ၊ ဇင့်နဲ့ တခြားအာဟာရဓာတ်တွေ အများကြီးပါဝင်လို့ အစာလည်းဆေး၊ ဆေးလည်းအစားဆိုသလို ကျန်းမာရေး အတွက် အထူးသင့်တော်ပါတယ်။ ဗီတာမင်စီ၊ အမျှင်ဓာတ်နဲ့ Pectin က ကိုယ်တွင်း ကိုလက်စထရောကို ထိန်း ညှိပေးသလို၊ ကိုယ်ခံစားစနစ်ကို မြှင့်တင်ပေးပါတယ်။ ဗီတာမင် အီး က အသားရေ စိုပြည်လှပစေပါတယ်။
အာဟာရဓာတ်တွေ အများကြီးပါဝင်တဲ့ သရက်သီးကိုအသုံးပြုပြီး အလွယ်တကူပင်ဆင်နိုင်တဲ့ ဖိလစ်ပိုင်လူမျိုး တွေစားလေ့ရှိတဲ့ သရက်သီး အုန်းနို့သာကူအချိုပွဲလုပ်ဖို့ ပါဝင်တဲ့ ပစ္စည်းတွေကတော့ အောက်ပါအတိုင်းပါ။
သရက်သီး
သရက်သီးဖျော်ရည်
သာကူ
အုန်းနို့
သကြား
နွားနို့ တို့လိုအပ်ပါတယ်။
အရင်ဆုံး သရက်သီးမှည့်တွေကို အနေတော်အစိတ်လေးတွေပိုင်းထားပါ။ အချိုပွဲပြင်ဆင်ဖို့ ပန်းကန်လုံးစောက် နက်လေးဆို ပိုအဆင်ပြေပါတယ်။ စိတ်ထားတဲ့သရက်သီးတွေကို အချိုပွဲပြင်မယ့်ပန်းကန်လုံးတဝက်လောက်စီ ထည့်ပေးပါ။
သရက်သီးဖျော်ရည်အနည်းငယ်၊ သကြားနဲ့ အုန်းနို့ကို Blender နဲ့ ပျစ်လာတဲ့ထိ ရောမွှေပြီး သရက်သီးစိတ်တွေ ထည့်ထားတဲ့ အချိုပွဲပန်းကန်းတွေထဲ အပေါ်ကနေ လောင်းထည့်လိုက်ပါ။
နောက်ဆုံးပြင်ဆင်ဖို့ သာကူ ကြိုရပါမယ်။ ကြိုပြီးပြီဆိုရင်တော့ သရက်သီးစိတ်၊ အုန်းနို့တွေလောင်းထည့်ထား တဲ့ အချိုပွဲပန်းကန်လုံးထဲ အပေါ်ဆုံးကနေ သာကူကို လောင်းထည့်ပြီးရင် မစားခင်အချိန်ထိ ရေခဲသေတ္တာထဲ ထည့်ထားပါ။
သရက်သီးနံ့မွှေးမွှေးလေးကို အုန်းနို့သာကူအစိမ့်အရသာလေးနဲ့ တွဲဖက်ခံစားမိစေမယ့် ဖိလစ်ပိုင်အချိုပွဲ သရက် သီးအုန်းနို့သာကူ ပြင်ဆင်လို့ပြီးပါပြီ။
Ref: Yummy
You May Also Like These Stories:
ချိုဆိမ့်မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ “သရက်သီးကောက်ညှင်း အုန်းနို့ဆမ်းအချိုပွဲ”
ယခုနှစ် မြန်မာ့သရက် တရုတ်ဈေးကွက်တွင် ဈေးကောင်းမရ
အရသာရှိပြီး အိမ်မှာ အလွယ်တကူပြုလုပ်နိုင်တဲ့ သရက်သီးယို
ထိုင်းက တရုတ်ခရီးသွားများကို ကောက်ညှင်း သရက်သီး အချိုပွဲဖြင့် ဆွဲဆောင်ရန် ကြံစည်