Food

အိပ်ရာဝင်ခါနီးမှာ လုံးဝမစားသင့်တဲ့ အစားအသောက် ၃ မျိုး

Want create site? Find Free WordPress Themes and plugins.

ကိုယ်အလေးချိန်ချဖို့ ကြိုးစားနေသူတွေရော ကျန်းမာရေးကို ဂရုစိုက်တဲ့ လူတွေပါ ညဘက် အိပ်ရာဝင်ခါနီးမှာ လုံးဝ မစားသင့်တဲ့ အစားအသောက်တွေ ရှိပါတယ်။ ရုပ်ရှင်ကြည့်ရင်း စာအုပ်ဖတ်ရင်းကနေ စားလိုက်မိတဲ့ မုန့်တွေက ကျန်းမာရေးကို ထိခိုက်နေတာမျိုးတွေ ဖြစ်လာနိုင်လို့ ညဘက် လုံးဝမစားသင့်တဲ့ မုန့်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) အာလူးကြော်

ညဘက် မိုးချူပ်ပြီ ဆိုတာနဲ့ မစားသင့်တဲ့ အထဲမှာ အာလူးကြော်က ထိပ်ဆုံးမှာရှိနေပါတယ်။ ကိုယ်အလေးချိန်ကို တိုးစေတဲ့ အပြင် အဆီများတဲ့ အစားစားဖြစ်တာကြောင့် အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

(၂) ငရုတ်သီး

ငရုတ်သီးကို ညအိပ်ခါနီးတွေမှာ မစားစေချင်တာကတော့ အကြောင်း ၂မျိုးရှိတယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ ပထမတခုက ငရုတ်သီးစားတာကြောင့် အစာချေ စနစ်မှာ ပြဿနာတွေ ရှိနိုင်ပြီး ဝမ်းဗိုက်နာကျင်တာတွေ ဖြစ်တတ်ပါတယ်။ နောက်တခုကတော့ ငရုတ်သီးဟာ အိပ်ပျော်စေတဲ့ စိတ်ကို မဖြစ်စေဘူးလို့ ဆိုပါတယ်။

(၃) အရက်

အိပ်ခါနီးမှာ အရက်သောက်ခြင်းဟာ ကောင်းမွန်တဲ့ အိပ်စက်ခြင်းကို မဖြစ်စေနိုင်ပါဘူး။ ဝိုင်တခွက်လောက် သောက်တာက ကောင်းကောင်းအိပ်ပျော်တယ်ဆိုပေမယ့် သောက်တာ နည်းနည်းများသွားတာနဲ့ အမျှ ပိုပြီးအိပ်ရ ခက်နိုင်ပါတယ်။ အရက်သောက်ထားခြင်းကြောင့် မကြာခဏ အိပ်ရာက နိုးစေပြီး မနက်ထတဲ့ အခါတွေမှာလည်း ခေါင်းကိုက်ခြင်းနဲ့ အရက်နာကျခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။

Ref;RD

ညဘက် စားလည်း ကိုယ်အလေးချိန် တက်နိုင်ချေ မရှိတဲ့ အစားအစာများ

ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ

ဆီးချိုရောဂါဝေဒနာရှင်တွေ စားပေးသင့်တဲ့ အစေ့အဆန် ၅ မျိုး

Did you find apk for android? You can find new Free Android Games and apps.
Loading