ဆန်လုံးညို (Brown Rice) ကို ဆီးချိုရောဂါ ဖြစ်ပွားနေသူတွေ နဲ့ ကိုယ်အလေးချိန်ထိန်းသိမ်းလိုသူ အများစုက စားသုံးကြပြီး ဆန်လုံးညိုဟာ နေ့စဉ်စားသုံးနေကျ ဆန်ဖြူထက် အမျှင်ဓာတ်ပိုမိုကြွယ်ဝတာကြောင့် ကျန်းမာရေးအတွက် အထူးသင့်တော်ပါတယ်။
ဆန်လုံးညိုကို ကမ္ဘာပေါ်မှာ ကျန်းမာရေးနဲ့အညီညွတ်ဆုံး အစားအစာတခုအဖြစ် အာဟာရပညာရှင်တွေက သတ်မှတ်ထားကြပြီး လူတိုင်း ကျန်းမာရေးအတွက် ဆန်လုံးညိုကို ဘာကြောင့်စားပေးသင့်လဲဆိုတာကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
(၁) အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေတယ်
ဆန်လုံးညို ထမင်းပန်းကန်လုံးတလုံးစာမှာ ခန္ဓာကိုယ်အတွက် တနေ့တာ လိုအပ်တဲ့ အမျှင်ဓာတ် ၁၄ ရာခိုင်နှုန်း ပါဝင်တာကြောင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ဒါ့အပြင် ဆန်လုံးညိုမှာ ပါဝင်တဲ့ အမျှင်ဓာတ်ဟာ သည်းခြေကျောက်တည်ခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။
(၂) ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တယ်
ဆန်လုံးညိုမှာ ပါဝင်တဲ့ ဖော့စဖရပ်၊ မဂ္ဂနီဆီယမ်နဲ့ အမျှင်ဓာတ်တို့ဟာ အဝလွန်ခြင်းကို ကာကွယ်ပေးနိုင်ပြီး ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ပါတယ်။ အာဟာရပညာရှင်တွေရဲ့ သုတေသနတွေအရ ဆန်လုံးညိုစားခြင်းဟာ ဆန်ဖြူစားခြင်းထက် ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်တယ်လို့ သိရပါတယ်။
(၃) နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်
ဆန်လုံးညိုမှာပါဝင်တဲ့ Selenium ဓာတ်ဟာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေတာကြောင့် နှလုံးသွေးကြောပိတ် ရောဂါနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။
(၄) အရိုးအဆစ်တွေကို သန်မာစေတယ်
ဆန်လုံးညိုတခွက်စာမှာ ခန္ဓာကိုယ်အတွက် တနေ့တာလိုအပ်တဲ့မဂ္ဂနီဆီယမ် ၂၁ ရာခိုင်နှုန်းပါဝင်ပြီး ကယ်လ်ဆီယမ် ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်တာကြောင့် အရိုးအဆစ်တွေကို သန်မာစေပါတယ်။
(၅) ဆီးချိုကို ထိန်းပေးနိုင်တယ်
ဆန်လုံးညိုမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်းကို ထိန်းချုပ်ပေးနိုင်တာကြောင့် ဆိးချိုုဝေဒနာရှင်တွေနဲ့ အထူးသင့်တော်ပါတယ်။
Ref. truweight.in
You May Also Like These Stories:
ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်မယ့် နည်းလမ်းများ
ဆီးချိုရောဂါ ဝေဒနာရှင်တွေ စားသုံးပေးသင့်တဲ့ ရွှေပဲသီးရဲ့ ကျန်းမာရေး ကောင်းကျိုးများ
ကျန်းမာရေးအတွက် အိမ်အတွင်းမှာ စိုက်ပျိုးထားသင့်တဲ့ အပင်များ