ပတ်ဝန်းကျင် တခုလုံး စိုစွတ် ထိုင်းမှိုင်းနေတတ်တဲ့ မိုးရာသီဟာ အစားအစာကနေတဆင့် ဖြစ်ပွားတဲ့ ရောဂါတွေ အဖြစ်များသလို ရာသီဥတု အကူးအပြောင်းမှာ အအေးမိဖျားနာ၊ တုပ်ကွေးစတာတွေလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့လို့ မိုးရာသီကို ကျန်းကျန်းမာမာနဲ့ ဖြတ်သန်းနိုင်ဖို့ မိုးတွင်းမှာ များများစားသုံးပေးသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ဂျင်း
ဟင်းခတ် အမွှေးအကြိုင်တမျိုးဖြစ်တဲ့ ဂျင်းဟာ ဆိုရင် အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အပြင် အအေးမိ၊ ဖျားနာခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ရေနွေးပူပူထဲ ဂျင်း လက်တဆစ်ခန့် ပါးပါး လှီးထည့်ပြီး သောက်သုံးပေးခြင်းဟာ ဖျားနာမှုတွေကို ကြိုတင် ကာကွယ်ပေးနိုင်ပါတယ်။
(၂) ကြက်သွန်ဖြူ
ကြက်သွန်ဖြူဟာ Antioxidants ကြွယ်ဝတဲ့ အစားအစာတမျိုးဖြစ်တာကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို မြင့်တက်စေနိုင်ပါတယ်။ အခုလို မိုးတွင်းကာလမှာ ကြက်သွန်ဖြူကို နေ့စဉ် စားသုံံးပေးသင့်ပါတယ်။
(၃) နနွင်း
ဟင်းလျာတွေ ချက်ပြုတ်ရာမှာ ထည့်သွင်းလေ့ ရှိတဲ့ နနွင်းဟာ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကို သေစေနိုင်တာကြောင့် မိုးရာသီမှာ ဖြစ်တတ်တဲ့ ကူးစက်ရောဂါတွေကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။
(၄) ငရုတ်ကောင်း
ငရုတ်ကောင်းမှုန့်ဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို သက်သာစေနိုင်တဲ့အပြင် မိုးရာသီမှာ ဖြစ်တတ်တဲ့ ချောင်းဆိုး၊ နှာစေးခြင်းတွေကိုလည်း အလျင်အမြန် ပျောက်ကင်းစေနိုင်ပါတယ်။
(၅) ပန်းသီး
ပန်းသီးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ရောဂါပိုးမွှားတွေကို ကာကွယ်နိုင်စွမ်းရှိတာကြောင့် မိုးရာသီမှာ ဖျားနာခြင်းကင်းဝေးဖို့ စားသုံးပေးသင့်ပါတယ်။
Ref. www.stylecraze.com
You May Also Like These Stories:
မေ့တတ်လွန်းသူတွေ နေ့စဉ် စားသုံးပေးသင့်တဲ့ အစားအစာ ၅ မျိုး
ညဘက် စားလည်း ကိုယ်အလေးချိန် တက်နိုင်ချေ မရှိတဲ့ အစားအစာများ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
တွဲဖက် စားသုံးခြင်းအားဖြင့် ကျန်းမာရေးကောင်းကျိုးများစွာ ရရှိနိုင်တဲ့ အစားအစာများ
အရွယ်တင်နုပျိုစေတဲ့ Collagen ဓာတ်ကို မြှင့်တင်ပေးနိုင်တဲ့ အစားအစာများ