Food

စပါးလင်ရဲ့ ကျန်းမာရေး ကောင်းကျိုးများ

Want create site? Find Free WordPress Themes and plugins.

စပါးလင်ကို အာရှနိုင်ငံအများစုမှာ ဟင်းလျာ ချက်ပြုတ်တဲ့အခါ ဟင်းခတ် အမွှေးအကြိုင်အဖြစ် အများဆုံးအသုံးပြုကြပြီး အနောက်နိုင်ငံတွေမှာတော့ ဖျော်ရည်အဖြစ်ရော လက်ဖက်ရည်ကြမ်းအနေနဲ့ပါ သောက်သုံးလေ့ရှိပါတယ်။ စပါးလင်မှာ ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အာဟာရဓာတ် အမြောက်အများ ပါဝင်ပြီး စပါးလင်ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တယ်

၂၀၁၂ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာချက်တွေအရ စပါးလင်မှာပါဝင်တဲ့ Flavonoids ဓာတ်ဟာ ကင်ဆာဆဲလ်တွေကို သေစေနိုင်ပြီး စပါးလင်အဆီဟာ အသည်းကင်ဆာ၊ ရင်သားကင်ဆာဆဲလ်တွေကို ကြီးထွားပျံ့နှံ့လာမှုကို ထိန်းချုပ်ပေးနိုင်တယ်လို့လည်း သိရပါတယ်။

(၂) ကိုယ်တွင်း အဆိပ်အတောက်တွေကို သန့်စင်ပေးနိုင်တယ်

စပါးလင်မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ခန္ဓာကိုယ်ကို ဆိုးကျိုးဖြစ်စေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ဆီးတွင်းက Uric Acid ကို လျော့နည်းစေတာကြောင့် ကျောက်ကပ်နဲ့ အသည်းရဲ့ လုပ်ဆောင်မှုတွေကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။

(၃) နာကျင် ကိုက်ခဲမှုတွေကို ပျောက်ကင်းစေနိုင်တယ်

စပါးလင်ဟာ ကြွက်သား နာကျင်ကိုက်ခဲခြင်း၊ အမျိုးသမီးတွေ ဓမ္မတာလာစဉ် ခံစားရတဲ့ နာကျင်ကိုက်ခဲခြင်း၊ သွားကိုက်ခြင်း၊ အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲခြင်းနဲ့ ရာသီဥတုကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၄) အရေပြား ကျန်းမာရေး ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်

အခုနောက်ပိုင်းမှာ အလှကုန်ပစ္စည်းတွေ ထုတ်လုပ်တဲ့အခါ စပါးလင်ကို အခြေခံပြီး ထုတ်လုပ်လာကြပါတယ်။ စပါးလင်ဟာ ဓာတ်မတည့်မှုကြောင့် ဖြစ်တဲ့ အရေပြားနီရဲရောင်ရမ်းခြင်း၊ ဝက်ခြံနဲ့ အမည်းစက်တို့ကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

Ref. www.lifehack.org

You may also like these stories:

ပင်စိမ်းရွက်ရဲ့ လူသိနည်းတဲ့ ကျန်းမာရေး ကောင်းကျိုး ၅ မျိုး

အလှအပရေးရာအတွက် ထောပတ်သီးအစေ့ရဲ့ အသုံးဝင်ပုံများ

ဆွမ်းမွှေးရွက်ရဲ့ ကျန်းမာရေး ကောင်းကျိုးများ

သရက်သီးစားသုံးခြင်းကနေ ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုးများ

Did you find apk for android? You can find new Free Android Games and apps.
Loading