ကမ္ဘောဒီးယားနိုင်ငံနဲ့ လာအိုနိုင်ငံတို့မှာ အောင်မြင်မှုတွေ ရရှိနေပြီး ဖြစ်တဲ့ စားသောက်ကုန်ပို့ဆောင်ရေး လုပ်ငန်း Meal Temple ဟာ မြန်မာနိုင်ငံမှာလည်း လာရောက် ရင်းနှီးမြှုပ်နှံမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ လူငယ်စီးပွားရေး လုပ်ငန်းရှင်တွေဟာ တနိုင်တပိုင် စီးပွားရေးတွေကို အင်တာနက် စာမျက်နှာတွေကတဆင့် ပြုလုပ်နေကြပြီး အောင်မြင်မှုတွေ ရရှိနေတာကို တွေ့မြင်ရပါတယ်။
Meal Temple Group ဟာ ကမ္ဘောဒီးယားနိုင်ငံနဲ့ လာအိုနိုင်ငံတို့မှာ ပြည်တွင်း ကုန်စည်ပို့ဆောင်ရေး အနေနဲ့ ကျယ်ပြန့်စွာ အောင်မြင်နေပြီ ဖြစ်တာကြောင့် ရန်ကုန်မြို့မှာ လာရောက် ရင်းနှီးမြှုပ်နှံတာလည်း ဖြစ်ပါတယ်။ အင်တာနက်ပေါ်ကနေ ပစ္စည်းတွေ ဝယ်ယူပို့ဆောင်ပေးရတဲ့ လုပ်ငန်းဟာ ရန်ကုန်မြို့မှာ ဈေးကွက်ကြီးတခုအထိ ဖြစ်ပေါ်နေပြီး အရှေ့တောင်အာရှမှာ ကြီးထွားမှုအမြန်ဆုံး ဈေးကွက်တခု ဖြစ်နေပါတယ်။
Freshgora.com စားသောက်ကုန် ပို့ဆောင်ရေး လုပ်ငန်းဟာ ရန်ကုန်မြို့မှာ စီးပွားရေး စတင်လုပ်ကိုင်နေတာ တနှစ်ခန့်ရှိပြီဖြစ်ပြီး တရက်ကို အကြိမ် ၁၀၀ ထက်မနည်း ပို့ဆောင်ပေးရတယ်လို့ ဆိုပါတယ်။ ဒီလို ပို့ဆောင်ရတဲ့ အထဲမှာ အစားအသောက်နဲ့ ကုန်ပစ္စည်းတွေ ပါဝင်တယ်လို့ သိရပါတယ်။
Meal Temple အနေနဲ့ အဆိုပါ Freshgora Team နဲ့အတူ ပူးပေါင်းပြီး စားသောက်ကုန် ပို့ဆောင်ရေး လုပ်ငန်းကို မြန်မာနိုင်ငံမှာ လာရောက် လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။
“Meal Temple နဲ့ ပူးပေါင်းလုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် စိတ်လှုပ်ရှားရပါတယ်။ ဒီလို ပူးပေါင်း လုပ်ဆောင်တဲ့အတွက် စားသုံးသူတွေ အနေနဲ့ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ရရှိနိုင်မှာပါ။ Meal Temple ကို တည်ထောင်သူဖြစ်တဲ့ Maxime Rosburger နဲ့ သူရဲ့ အဖွဲ့ဝင်တွေရဲ့ လမ်းပြမှုနဲ့ ဈေးကွက်ကို ဘယ်လို ချဲ့ထွင်ရမယ်ဆိုတာကို ပိုမိုသိရှိလာပြီး လုပ်ငန်းလည်း အရင်ကထက် ပိုမို တွင်ကျယ်လာဖို့ မျှော်လင့်ရပါတယ်”လို့ Meal Temple နဲ့ ပူးပေါင်းလုပ်မယ့် Freshgora Team ရဲ့ Founder ကိုဒန်နီရယ်ထွဋ်က ပြောပါတယ်။
Ref. sdasia.co
You may also like these stories:
မြန်မာ့ ထုတ်ကုန်များ တရုတ်တွင် ပြခန်းဖွင့် ရောင်းချမည်
ကိုယ်ပိုင်ဆိုင်ပိတ်ပြီး Master Chef Myanmar ပြိုင်ပွဲဝင်ခဲ့တဲ့ ကိုအောင်ဝေဖြိုး
မသိမသာ ထိုးဖောက်လာတဲ့ ကိုရီးယားဇာတ်လမ်းတွဲထဲက ကုန်ပစ္စည်းကြော်ငြာများ