“King of Durian Festival” လို့ အမည်ရတဲ့ ဒူးရင်းသီး လေလံပွဲကို ထိုင်းနိုင်ငံ Nonthaburi မှာ ဇွန်လ ၈ရက်နေ့က ကျင်းပခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ဒူးရင်းသီးတွေကိုသာ ရောင်းချတဲ့ ဒီလေလံပွဲမှာ ထိုင်းနိုင်ငံက ဒူးရင်း စီးပွားရေးသမားတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒူးရင်း လေလံပွဲမှာ ဈေးအများဆုံးနဲ့ ရောင်းချနိုင်ခဲ့တဲ့ ဒူးရင်းသီးကတော့ Kanyao အမျိုးအစား ဒူးရင်းဖြစ်ပြီး အခြား ဒူးရင်း ၈ မျိုးနဲ့ အတူ ပြသခဲ့တာလည်း ဖြစ်ပါတယ်။ ဒီ ဒူးရင်းလေလံပွဲမှာ မော်ဒယ်တွေဟာ အနီးရောင် ကတ္တီပါ ခေါင်းအုံးပေါ်မှာ ဒူးရင်းသီးကို တင်ပြီး လှည့်လည် ပြသရတာ ဖြစ်ပါတယ်။
အနိုင်ရခဲ့တဲ့ ဒူးရင်းသီးကို ပြပွဲ ကျင်းပတဲ့ အနားက Pa Toi Lung Mu စိုက်ပျိုးရေးလုပ်ငန်းက ခူးယူခဲ့တာဖြစ်ပြီး ကြမ်းခင်းဈေးကို အမေရိကန်ဒေါ်လာ ၆၄၀ နဲ့ ဖွင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ကျနော့်ခြံက ဒူးရင်းတွေက မျိုးကောင်းတဲ့အတွက် ဈေးကောင်းရမယ် ဆိုတာကိုတော့ သိပါတယ်။ ဒါပေမဲ့ အခုလောက်ထိ ရမယ်လို့တော့ မမျှော်လင့်ထားတာ အမှန်ပါပဲ”လို့ ခြံပိုင်ရှင် ဖြစ်သူ Maliwan Han Chai Thai က ပြောပါတယ်။
ဒီလေလံပွဲမှာ အခြား ရှားပါး ဒူးရင်းမျိုးနွယ်တွေ ဖြစ်တဲ့ Kop Med Tao နဲ့ Monthong စတဲ့ ဒူးရင်းသီးတွေဟာလည်း အမေရိကန်ဒေါ်လာ ၉,၅၀၀ ခန့်နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ ဒါဟာ ဒူးရင်းသီး မကြိုက်သူတွေ အတွက် ရူးသွပ်တာလို့ ဆိုနိုင်ပေမယ့် ဒူးရင်းသီး လုပ်ငန်းရှင်တွေကတော့ ပျော်ရွှင်စွာနဲ့ပဲ ဒူးရင်း လေလံပွဲကို နှစ်တိုင်း ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။
Ref. vice.com
You May Also Like These Stories:
လူမှုကွန်ရက်မှာ ရေပန်းစားနေတဲ့ ဒူးရင်းသီးသည် ချစ်စရာခွေးလေး Jub Jib
ဒူးရင်းသီး ဂယက်ကြောင့် အိမ်ထဲကနေ ၃ ရက်လောက် မထွက်ရဲခဲ့တဲ့ ကာယလေ့ကျင့်သူ Jordan Yeoh
ဒူးရင်းသီးအနံ့အရသာ အပြည့်အဝခံစားမိစေမယ့် ဒူးရင်းပီဇာပြုလုပ်နည်း
တရုတ် ဝယ်လိုအားကြောင့် မလေးရှား ဒူးရင်းသီးစိုက်ပျိုးမှု တိုးချဲ့