တချို့သော ဟင်းသီးဟင်းရွက်တွေဟာ အစိမ်းစားဖို့ မသင့်တော်သလို အစိမ်းစားခြင်းက ကျန်းမာရေးကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ အခုဖော်ပြပေးမယ့် အစားအစာတွေကတော့ အစိမ်းစားခြင်းဖြင့် အာဟာရဓာတ်တွေကို ပိုမိုရရှိစေနိုင်မှာ ဖြစ်ပါတယ်။
(၁) ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းမှာ ပါဝင်တဲ့ Phytochemical Sulforaphane ဓာတ်ဟာ နှလုံးရောဂါ၊ ကင်ဆာနဲ့ ကိုယ်တွင်းအင်္ဂါရောင်ရမ်းခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာချက်တွေအရ ပန်းဂေါ်ဖီစိမ်းမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကို ခန္ဓာကိုယ်က အပြည့်အဝ စုပ်ယူနိုင်ဖို့ ကြော်လှော် ချက်ပြုတ်စားသုံးခြင်းထက် အစိမ်းစားခြင်းက ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်စေတယ်လို့ ဆိုပါတယ်။
(၂) ကြက်သွန်နီ
ကြက်သွန်နီမှာပါဝင်တဲ့ Flavonoid Quercetin ဓာတ်ဟာ ကင်ဆာကို တိုက်ဖျက်နိုင်စွမ်းရှိပြီး ဟင်းလျာတွေထဲမှာ ချက်ပြုတ်စားသုံးတဲ့အခါ အဲဒီဓာတ်ဟာ လျော့နည်းသွားပါတယ်။ ဒါကြောင့်မို့လို့ ကြက်သွန်နီကို အစိမ်းစားပေးခြင်းက နှလုံး ကျန်းမာရေးအတွက်ရော ခန္ဓာကိုယ် ကျန်းမာရေးအတွက်ပါ ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ်။
(၃) ကြက်သွန်ဖြူ
ကြက်သွန်ဖြူကို ချက်ပြုတ်စားသုံးခြင်းက သူ့မှာပါဝင်တဲ့ အာဟာရဓာတ် ၉၀ ရာခိုင်နှုန်းခန့်ကို ဆုံးရှုံးစေနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ ကြက်သွန်ဖြူကို အစိမ်းစားပေးခြင်းဟာ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေး ပြဿနာတွေနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့ပါးစေနိုင်ပါတယ်။
(၄) ငရုတ်ပွအနီ
ကြော်လှော်၊ ချက်ပြုတ် စားသုံးလေ့ရှိကြတဲ့ ငရုတ်ပွသီးအနီမှာ ဗီတာမင်စီဓာတ် မြင့်မားစွာပါဝင်ပြီး ချက်ပြုတ်လိုက်တဲ့ခါ ဗီတာမင်စီဓာတ် လုံးဝ မပါဝင်သလောက် ဖြစ်သွားတာကြောင့် အစိမ်းစားပေးသင့်ပါတယ်။
(၅) ကိုက်လန်
ကိုက်လန်မှာပါဝင်တဲ့ Glucosinolate ဓာတ်ဟာ ခန္ဓာကိုယ် ခုခံအားစနစ်ကို မြင့်တက်စေပြီး ရောဂါပိုးမွှားတွေကို တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။ အချိန်အတန်ကြာ အပူပေးပြီး ချက်ပြုတ်စားသုံးတဲ့အခါ Glucosinolate ဓာတ်ပါဝင်မှု လျော့နည်းသွားတာကြောင့် အသုပ် သုပ်စားတာမျိုးနဲ့ အစိမ်းစားတာမျိုးက ကျန်းမာရေးအတွက် ပိုမိုသင့်တော်စေပါတယ်။
Ref. www.rd.com
ဟင်းသီးဟင်းရွက်တွေကို ဓာတုပိုးသတ်ဆေး ကင်းစင်အောင် ဆေးကြောနိုင်မယ့် နည်းလမ်းများ
တွဲဖက် စားသုံးခြင်းအားဖြင့် ကျန်းမာရေးကောင်းကျိုးများစွာ ရရှိနိုင်တဲ့ အစားအစာများ
မီးဖိုချောင်ထဲမှာ အမြဲထားသင့်တဲ့ အစားအသောက်များ