အသင့်စားခေါက်ဆွဲခြောက်တွေ စားရတာ နှစ်သက်သူတွေအတွက် ခေါက်ဆွဲကို ပိုမိုအရသာရှိအောင် ပြုတ်စားနိုင်မယ့် နည်းလမ်းကောင်းတွေကို ပြန်လည်မျှဝေပေးချင်ပါတယ်။
တခုသတိထားရမှာက ခေါက်ဆွဲခြောက်ပြုတ်စားတဲ့အခါ ပထမတရေကို သွန်ပစ်ပြီးမှ နောက်တရေနဲ့ ထပ်ထည့်ပြီး စားသုံးခြင်းက ကျန်းမာရေးအတွက် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
(၁) ခေါက်ဆွဲပြုတ်ကို အသီးအရွက်နဲ့ ကြက်အူချောင်း Sausage တွေ ထည့်စားခြင်းက ခေါက်ဆွဲရဲ့အရသာကို ပိုမိုပေါ်လွင်စေနိုင်သလို အသီးအရွက်တွေပါတဲ့အတွက်ကြောင့် ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်မှုလည်း နည်းပါးစေနိုင်ပါတယ်။
ခေါက်ဆွဲပြုတ်တဲ့အခါ ဟင်းသီးဟင်းရွက်နဲ့ အသားလုံး၊ Sausage စတာတွေကိုကို တခါတည်းထည့်ပြုတ်ခြင်းက ခေါက်ဆွဲအရသာကို ကောင်းမွန်စေမှာဖြစ်ပါတယ်။
(၂) အမေရိကန်ခေါက်ဆွဲပြုတ်စတိုင် စားသုံးချင်ရင်တော့ ချဉ်စပ်မဟုတ်တဲ့ ရိုးရိုးခေါက်ဆွဲခြောက်ထဲကို ကြက်ဥတလုံးထည့်မွှေပြုတ်ပြီး စားခါနီးကျမှ ချိစ်အပြားလေးတွေညှပ်ထည့်ပြီး စားသုံးရမှာပါ။ ခေါက်ဆွဲရဲ့ မူရင်းအရသာ မပျက်ဘဲ အရသာဆိမ့်ဆိမ့် ကြိုက်သူတွေ အကြိုက်တွေ့စေမယ့် ဒီခေါက်ဆွဲပြုတ်ရဲ့မူရင်းကတော့ အမေရိကန်စားဖိုမှူး Roy Choi ပဲဖြစ်ပါတယ်။
(၃) ခေါက်ဆွဲပြုတ်ကို အချိုလေးလေးနဲ့ အနံ့မွှေးမွှေးစားသုံးနိုင်အောင် ခေါက်ဆွဲပြုတ်ထဲကို ရေညှိခြောက်အနည်းငယ် ထည့်ပြီး စားသုံးနိုင်ပါတယ်။
(၄) ခေါက်ဆွဲကို အရည်နဲ့မစားချင်တဲ့အခါမျိုးမှာတော့ အသင့်စားခေါက်ဆွဲခြောက်ကို ပြုတ်ပြီး ခေါက်ဆွဲကြော်သလို အသီးအရွက်၊ အသား စတာတွေထည့်ပြီး ကြော်စားခြင်းက အရသာရှိစေမှာဖြစ်ပါတယ်။
(၅) ထိုင်းစတိုင်ခေါက်ဆွဲပြုတ် အရသာမျိုး စားမယ်ဆိုရင်တော့ ခေါက်ဆွဲပြုတ်ထဲကို မြေပဲထောပတ်အနည်းငယ်၊ ပျားရည်၊ ကြက်သွန်ဖြူမှုန့် ၊ နှမ်းဆီနဲ့ ပဲငံပြာရည်အကြည်အနည်းငယ်တို့ထည့်ပြီး စားသုံးနိုင်ပါတယ်။
Ref. www.insider.com
You may also like these stories:
သံလွင်ဆီနံ့ မွှေးမွှေးလေးနဲ့ အချိုအဆိမ့် အရသာ “မှိုပါစတာ”
ထူးထူးခြားခြား အရသာရှိတဲ့ ဟောင်ကောင်စတိုင် အသင့်စားခေါက်ဆွဲကြော်