“Earthstar Mushroom” (မြန်မာလိုအခေါ် အင်ဥ) ကို မြန်မာနိုင်ငံမှာ လူတော်တော်များများ နှစ်ခြိုက်စွာ စားသုံးလေ့ ရှိကြပါတယ်။
အင်ဥဟာ တနှစ်ပတ်လုံးမှာမှ မိုးဦးကာလ တချိန်တည်းမှာသာ ပေါ်တဲ့ အစားအစားတမျိုးဖြစ်ပြီး ဥရောပနိုင်ငံတွေ၊ မြောက်အမေရိကနိုင်ငံတွေနဲ့ အာရှနိုင်ငံအများစုမှာ တွေ့ရတာကြောင့် တကမ္ဘာလုံး အတိုင်းအတာနဲ့ ရှင်သန် ပေါက်ရောက်တဲ့ မှိုမျိုးနွယ်ဝင် အစားအစာတမျိုးလို့လည်း ဆိုနိုင်ပါတယ်။
အင်ဥဟာ မှိုမျိုးနွယ်ဝင် မြေအောင်း မှိုတမျိုးဖြစ်တာကြောင့် မှိုတွေလိုပဲ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။
အင်ဥမှာ ကျန်းမာရေး အထောက်အကူဖြစ်စေတဲ့ ဗီတာမင်ဘီ၊ ဗီတာမင်ဒီ၊ ကော့ပါး၊ ပိုတက်ဆီယမ်၊ Selenium နဲ့ Antioxidant တို့ြ ကွယ်ဝစွာ ပါဝင်ပါတယ်။ အင်ဥမှာ ကိုယ်အလေးချိန်ကို မြင့်တက်စေတဲ့ ကိုလက်စထရောနဲ့ ကာဗိုဟိုက်ဒရိတ်ပါဝင်မှု နည်းပါးပြီး အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် နှလုံးရောဂါ၊ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေနဲ့ လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။
မှိုမျိုးနွယ်ဝင် အင်ဥမှာ မှိုမှာပါဝင်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ Antioxidant နဲ့ Amino Acid တို့ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို မြင့်တက်စေပြီး Copper ပါဝင်မှုကြောင့် သံဓာတ်စုပ်ယူမှုကို အားကောင်းစေပါတယ်။ ကျန်းမာရေးကို အကျိုးပြုစေနိုင်တဲ့ အင်ဥမှာ Uric Acid ပေါများစွာ ပါဝင်တာကြောင့် ဂေါက်ရောဂါရှိသူတွေနဲ့ လေးဖက်နာ ရောဂါရှိသူတွေအနေနဲ့တော့ သတိပြု စားသုံးသင့်ပါတယ်။
မှိုနဲ့ ဓာတ်မတည့်ဖြစ်ပြီး အစာအဆိပ်သင့်ဖူးသူတွေအနေနဲ့တော့ အင်ဥကို ဆင်ခြင် စားသုံးသင့်ပြီး သွေးတိုးရောဂါရှိသူတွေနဲ့ အဆစ်အမြစ် နာကျင်ကိုက်ခဲ တတ်သူတွေအနေနဲ့လည်း စားသုံးဖို့ဆင်ခြင်သင့်ပါတယ်။ အင်ဥကို ကဏန်း၊ တညင်းသီး၊ မျှစ်၊ ငါးချဉ်၊ ပုစွန်ချဉ်စတဲ့ အချဉ်တည်ထားတဲ့ အစားအစာတွေနဲ့ ကြက်ဟင်းခါးသီး၊ ပဲငါးပိ၊ ဒူးရင်းသီးနဲ့ ချောကလက်စတဲ့ အစားအစာတွေနဲ့အတူ တွဲဖက် မစားသုံးသင့်ပါဘူး။
Ref. www.first-nature.com
You May Also Like These Stories: