ပိတ်ရက်မှာ မိုးအေးအေးနဲ့ ထိုင်းစတိုင်ကြာဆံချဉ်စပ်ချက်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ ရိုးရိုးအသင့်စား ကြာဆံချဉ်စပ်နဲ့ အရသာတွေနဲ့မတူဘဲ အရသာအသစ်တမျိုးခံစားရမယ့် Homemade ကြာဆံချဉ်စပ်ပဲ ဖြစ်ပါတယ်။ အလွယ်တကူ ချက်ပြုတ်ပြင်ဆင်နိုင်ပြီး ပါဝင်တဲ့ဟင်းခတ်အမွှေးအကြိုင်တွေကြောင့် တလုတ်စားလိုက်ရုံနဲ့ စိတ် ဖိစီးပင်ပန်းနေတာတွေ ပြေပျောက်ကာ ပင်စိမ်းနဲ့ လီမွန်အနံ့က လန်းဆန်းစေပါတယ်။
ကြက်သားကြာဆံချဉ် စပ်လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
ကြက်ရင်ဖုံသား
ဆန်ကြာဆံ
သံလွင်ဆီ
ကြက်သွန်ဖြူ
ငရုတ်ကောင်းမှုန့်
ငရုတ်သီးစိမ်း
ကြက်သွန်နီ
ပင်စိမ်း
ဂျင်း
ကြက်ပြုတ်ရည်
ငံပြာရည်
အုန်းနို့
သကြား
နံနံပင်
သံပရိုသီး တို့လိုအပ်ပါတယ်။
အရင်ဆုံး ကြက်သားတွေကို သန့်စင်ဆေးကြောထားပါ။ ပြီးရင်တော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း တို့ကို ရောကြိတ်လိုက်ပါ။ အရသာအတွက် သကြားနဲ့ ငံပြာရည်အနည်းငယ်ထည့်ပါ။ ပြုတ်မယ့် အိုးကို မီးဖိုပေါ်တင်ပါ။ ပူလာရင် သံလွင်ဆီထည့်ပြီး ကြိတ်ထားတဲ့ အနှစ်တွေနဲ့ ကြက်သားကို ဆီသတ်ပါ။ ပြီးရင်တော့ ကြက်ပြုတ်ရည်လောင်း ထည့်လိုက်ပါ။
ပွက်ပွက်ဆူလာရင် အုန်းနို့အနည်ငယ်ထည့်ပါ။ မီးကိုလျော့ပြီး အသားတွေနူးလာတဲ့ထိ ၁၀ မိနစ်လောက် တည် ပေးပါ။ ပြီးရင်တော့ ဆန်ကြာဆံ ထည့်လိုက်ပါ။ ကြာဆံတွေနူးသွားတဲ့ထိဆို ၄ မိနစ် လောက် ပြုတ်ပေးရ ပါတယ်။ အရသာမြည်းကြည့်လို့ အနေတော်ပဲဆိုရင်တော့ အိုးကိုချပြီး နံနံပင်နဲ့ ပင်စိမ်းခတ်၊ သံပရိုသီးလေး ညှစ်လိုက်ရင် ချဉ်ငံစပ်ကြာဆံချဉ်စပ် အဆင့်ဖြစ်ပါပြီ။
Ref: Damn Delicious
You May Also Like These Stories:
ပိတ်ရက်မှာ ကိုရီးယားစတိုင် ငါးချဉ်စပ်ဟင်းရည် ချက်စားရအောင်
ခေါက်ဆွဲပြုတ်ကို အရသာပိုရှိအောင် ပြုတ်စားနိုင်မယ့် နည်းလမ်းများ
ကြွပ်ကြွပ်ရွရွလေးနဲ့ စားကောင်းတဲ့ ကိုရီးယားစတိုင် ရေညှိ ပဲကြာဆံလိပ်ကြော်
အရသာတမျိုးဆန်းစေမယ့် ဗီယက်နမ်စတိုင် ကြက်သားစပါးလင်ကြော်