Bubble Tea ဟာ အာရှနိုင်ငံတွေမှာ ရေပန်းစားတဲ့ လက်ဖက်ရည်အေး တမျိုးပါ။ “Ochazuke” ဆိုတာကတော့ ဂျပန်နိုင်ငံမှာ စားလေ့ရှိတဲ့ ထမင်းစားနည်း တမျိုး ဖြစ်ပါတယ်။
ဂျပန်လူမျိုးတွေဟာ အလုပ်ပင်ပန်းချိန်မှာ ထမင်းကို လက်ဖက်စိမ်းရည်နဲ့ ဖျော်ပြီး စားလေ့ ရှိကြပါတယ်။ ဒီလို စားခြင်းကြောင့် ဝမ်းဗိုက် အရမ်းပြည့်အင့်ခြင်းကို တားဆီးပေးတယ်လို့ အယူရှိတယ်လို့လည်း သိရပါတယ်။
“Sato” လို့ အမည်ရတဲ့ ဂျပန်အမျိုးသားကတော့ ထူးထူးခြားခြား Bubble Tea ကို ထမင်းနဲ့ ရောပြီး ချက်စားတဲ့ ပထမဆုံး အမျိုးသား ဖြစ်လာပါတယ်။ သူဟာ Ochazuke နည်းကို အတုယူပြီး Bubble Tea နဲ့ ထမင်းချက်စားဖို့ စိတ်ကူးမိတာလို့ ဆိုပါတယ်။ သူဟာ အပျော်လုပ်စားရင်းက ဒီလို စားရတာကို ကြိုက်နှစ်သက်သွားတာလည်း ဖြစ်ပါတယ်။
“ထမင်းနဲ့ လက်ဖက်ရည်ဟာ လိုက်ဖက်တယ်လို့ လုံးဝ မထင်ရပေမယ့် ဒီနေရာမှာတော့ တော်တော် အတွဲမိတယ်”လို့ သူကဆိုပါတယ်။ သူဟာ ထမင်းကို ရေအစား ပုလဲလုံးပါဝင်ပြီးသား Bubble Tea နဲ့ ချက်လေ့ရှိပြီး သောက်စရာအနေနဲ့ Bubble Tea တခွက်ကို သောက်လေ့ရှိတယ်လို့ သိရပါတယ်။
Ref. says.com
You may also like these stories:
Bubble Tea အသောက်များပြီး ဆေးရုံရောက်သွားတဲ့ တရုတ်နိုင်ငံက ၁၄ နှစ်အရွယ် မိန်းကလေး
ခေါက်ဆွဲပြုတ်ကို အရသာပိုရှိအောင် ပြုတ်စားနိုင်မယ့် နည်းလမ်းများ
ဘီယာသောက်ခြင်းကြောင့် ရရှိနိုင်မယ့် ကျန်းမာရေး ကောင်းကျိုးများ
ကြွပ်ကြွပ်ရွရွလေးနဲ့ စားကောင်းတဲ့ ကိုရီးယားစတိုင် ရေညှိ ပဲကြာဆံလိပ်ကြော်