ဒီတပတ်တော့ ထူးထူးဆန်းဆန်း တရုတ်အစားအစာ တမျိုးကို ဝေမျှပေးချင်ပါတယ်။ စားနေကျ ပေါက်စီနဲ့ မတူပေမယ့် အရသာကတော့ အသား အရသာအတိုင်း ခံစားမိစေမယ့် သက်သတ်လွတ် ပေါက်စီပါ။ အထဲမှာ အစာသွပ်မှာကတော့ ပိနဲ္နသီးဖြစ်လို့ ထူးခြားနေပါလိမ့်မယ်။ အသားရှောင်သူတွေ အတွက်လည်း သင့်တော်တာမို့ အရသာ ချိုမြမြလေးနဲ့ စားလို့ကောင်းမယ့် ပိန္နဲသီးပေါက်စီ လုပ်နည်းကို ဖော်ပြပေးချင်ပါတယ်။
ပိန္နဲသီးပေါက်စီ လုပ်မယ်ဆိုရင် လိုအပ်မယ့် ပစ္စည်းတွေထဲမှာ အရင်ဆုံး ဂျုံသားနယ်ဖို့ —
– ဂျုံမှုန့်
– Cornstarch
– မုန့်ဖုတ်ဆော်ဒါ
– တစေး
– ဆီ
– သကြား
– ကြက်သီးနွေးရေ အနည်းငယ်တို့ လိုအပ်ပါတယ်။
ဂျုံသားနယ်ဖို့ ပထမဆုံး သကြားတဝက်၊ ရေနဲ့ တစေး အနည်းငယ်ကို မွှေစက်နဲ့ နယ်လိုက်ပါ။ ပွတက်လာပြီဆိုရင် Cornstarch၊ ဂျုံမှုန့်၊ မုန့်ဖုတ်ဆော်ဒါနဲ့ ကျန်နေသေးတဲ့ သကြားအနယ်ကိုပါ ထည့်မွှေပါ။ အကုန်လုံး သမသွားပြီဆိုရင် ပြောင်ချောနေတဲ့ မျက်နှာပြင်ပေါ်မှာ ဂျုံသားတွေကို သေချာနယ်ပြီး အခန်းတွင်းအပူချိန်နဲ့ ၁ နာရီလောက် နှပ်ထားပါ။
ပိန္နဲသီးပေါက်စီထဲ ဌာပနဖို့ လိုအပ်တာတွေကတော့ —
– ပိန္နဲသီး (အသင့်စား ဆီသွပ်ဗူး သုံးနိုင်ပါတယ်)
– ကြက်သွန်မြိတ်
– နှမ်းဆီ
– Hoisin Sauce (တရုတ်အစားအစာ ချက်တဲ့အခါ အသုံးများတဲ့ ဆော့စ်)
– ပဲငံပြာရည်
– ငရုတ်နှစ်
– နှမ်းအနည်းငယ်တို့ ထည့်ပါမယ်။
ပထမဆုံး ဌာပနာမယ့် အစာတွေကို ချက်ပါမယ်။ မီးဖိုပေါ် ဒယ်အိုးတင်ပြီး နှမ်းဆီထည့်ပါ။ ဆီပူလာရင် ပါးပါးလှီးထားတဲ့ ကြက်သွန်မြိတ်တွေကို ဆီသတ်ပါမယ်။ မွှေးလာရင် အသင့်စား ပိန္နဲသီးကို ထည့်ပြီး ကြွပ်လာတဲ့အထိ ကြော်ပါ။ ကြွပ်လာရင် မီးလျော့ပြီး Hoisin ဆော့၊ သကြား၊ ပဲငံပြာရည်၊ နှမ်းဆီ အနည်းငယ်နဲ့ ငရုတ်နှစ်တွေကို ထည့်ပြီး မွှေပေးပါ။ ၁ မိနစ်လောက်ဆို မီးဖိုပေါ်က ချထားလိုက်ပါ။
နှပ်ထားတဲ့ ဂျုံသားတွေကို အနေတော် အရွယ်အပြားလေးတွေ ပိုင်းပြီး ချက်ထားတဲ့ ပိန္နဲသီးအစာတွေကို ဌာပနာ လိုက်ပါ။ အားလုံးပြီးရင်တော့ ပေါင်းအိုးနဲ့ ၁၀ မိနစ်လောက် ပေါင်းလိုက်ရင် အနံ့၊ အရသာ ပြည့်စုံတဲ့ ပိန္နဲသီး ပေါက်စီ ရပါပြီ။
Ref: My Recipes
You may also like these stories:
တခွက်တည်းနဲ့ အာဟာရပြည့်စေမယ့် Japchae ကိုရီးယားစတိုင် ကြာဆံကြေ
အရသာ ချိုဆိမ့်ဆိမ့်လေးနဲ့ ကျန်းမာရေးအတွက် သင့်တော်တဲ့ မီဆိုဟင်းရည်