Food

ချဉ်ငံစပ် တရုတ်စတိုင် ခေါက်ဆွဲသုပ် ပြုလုပ်နည်း

တရုတ်အစားအစာတွေထဲကမှ အရသာရှိတဲ့ သက်သတ်လွတ်ဟင်းချက်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ ဝါတွင်း ရောက်ခါနီးပြီမလို့ ဘယ်လိုသက်သတ်လွတ်ဟင်းလျာတွေချက်ရမလဲ ခေါင်းစားနေသူတွေအတွက်လည်း အလုပ်မရှုပ်ဘဲ အလွယ်တကူပြင်ဆင်နိုင်တဲ့ ပဲပြားနှမ်းကပ်ကြော်နဲ့ ခေါက်ဆွဲသုပ်နည်းပါ။

အရသာပိုအသက်ဝင်စေတဲ့ ငရုတ်သီးရယ်၊ တရုတ်အယူအရ ခေါက်ဆွဲက အသက်ရှည်ခြင်းကို ကိုယ်စားပြုလို့ အရသာရော၊ အဓိပ္ပာယ်ပါ ပြည့်စုံနေတဲ့ ဟင်းတခွက်ပါ။ လိုအပ်တဲ့ ပစ္စည်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ပဲပြား

နှမ်း

ငရုတ်သီး

ပဲငံပြာရည်

သကြား

တရုတ် Black Vinegar

ခေါက်ဆွဲခြောက်

နှမ်းဆီ နဲ့

ကြက်သွန်မြိတ် တို့လိုအပ်ပါတယ်။

အရင်ဆုံး ပဲပြားကို ရေခြောက်အောင်စစ်ပြီး အလယ်ကနေ နှစ်ပိုင်းပိုင်းလိုက်ကာ နှမ်းစေ့တွေဖြူးထားပါ။

ရေနွေးပွက်ပွက်ဆူလာရင် ဆားခတ်ပြီး ခေါက်ဆွဲခြောက်ကို ထည့်ပြုတ်ပါ။ ပြီးရင်တော့ ရေအေးနဲ့ဆေးပြီး ခဏ ဖယ်ထားပါ။ အသုပ်အတွက် အချဉ်ရည်စပ်ပါမယ်။ ငရုတ်သီး၊ ပဲငံပြာရည်၊ သကြား၊ ရှာလကာရည်၊ ရေအနည်း ငယ်ထည့်ပြီး သမအောင်မွှေပါ။ အရသာမြည်းကြည့်လို့ အနေတော်ပဲဆိုရပါပြီ။

ဆီပူလာတာနဲ့ နှမ်းစေ့ဖြူးထားတဲ့ ပဲပြားကို ၂ မိနစ် လောက်ကြော်ပါမယ်။ ရွှေအိုရောင်သန်းပြီး ကြွပ်ရွလာရင် ဖယ်ထားပြီး အသုပ်စသုပ်လို့ရပါပြီ။

ခေါက်ဆွဲကို အရသာစပ်ထားတဲ့ အချဉ်ရည်လောင်းထည့်ပြီး နှံ့အောင်မွှေပါ။ အရသာမြည်းကြည့်လို့ အနေတော် ပဲဆိုရင် နှမ်းကပ်ထားတဲ့ပဲပြားကြော်တင်ပြီး ကြက်သွန်မြိတ်ဖြူးလိုက်ရင် အရသာရှိတဲ့ သက်သတ်လွတ်ဟင်း တခွက် ပြည့်စုံသွားပါပြီ။

Ref: Olive Magazine

Loading