ကိုရီးယားလူမျိုးတွေ နှစ်သက်ကြတဲ့ ပင်လယ်စာတွေထဲမှာ ကဏန်းဟင်းရည်လည်း ပါဝင်ပါတယ်။ ကဏန်း အမျိုးအစားတွေထဲကမှ နူးညံ့ပြီး အရသာရှိတဲ့ ပန်းကဏန်းတွေကို အရသာ အစပ်အဟပ်မိမိ ချက်ထားတဲ့ ဟင်းရည်က မြန်မာတွေအတွက်လည်း ခံတွင်းတွေ့နိုင်ပါတယ်။ ဒါကြောင့် ကိုရီးယားစတိုင် ပန်းကဏန်းဟင်းရည် ချက်နည်းကို မျှဝေပေးချင်ပါတယ်။
ကိုရီးယားစတိုင် ပန်းကဏန်းဟင်းရည် ချက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့ —
– ပန်းကဏန်း
– မုန်လာဥဖြူ
– Zucchini (သခွားဖရုံသီး)
– ငရုတ်သီးစိမ်း
– ကြက်သွန်ဖြူ
– ကြက်သွန်မြိတ်
– ပဲငပိနှစ် (Soybean Paste -Doenjang)
– ငရုတ်နှစ် (Hot Pepper Paste – Gochujang)
– ငရုတ်သီး အစိမ်းမှုန့်
– ပင်စိမ်းရွက်
– ငါးလေးခြောက်တို့ လိုအပ်ပါတယ်။
အရင်ဆုံး ကဏန်းတွေကို ရေစင်အောင်ဆေးပြီး ၂ ခြမ်း ခြမ်းထားပါ။ ပြီးရင်တော့ ဟင်းရည် ချက်ပါမယ်။ ငါးလေးခြောက် (Dried Anchovies) တွေကို ရေထဲ ထည့်ပြုတ်ပါ။
ပွက်ပွက်ဆူလာရင် မုန်လာဥဖြူကို အနေတော် အပိုင်းလေးတွေ ဖြတ်ထည့်၊ ကြက်သွန်ဖြူ၊ ပဲငပိနှစ် (Soybean Paste) နဲ့ ငရုတ်နှစ် (Hot Pepper Paste) တွေကိုပါ ထည့်တည်ထားပါ။ ပွက်ပွက်ဆူလာရင် ငါးလေးခြောက်တွေကို ဆယ်လိုက်ပါ။
ပြီးရင် သခွားဖရုံသီး၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနဲ့ ကဏန်းကို ထည့်ပါ။ ကဏန်းကျက်တဲ့အထိ ၁၅ မိနစ်လောက် တည်ပေးဖို့ လိုပါတယ်။
အရသာ မြည်းကြည့်ပြီး အစပ်ကြိုက်တယ်ဆိုရင် ငရုတ်သီးစိမ်း ထပ်ထည့်လို့ ရပါတယ်။ ပြီးရင်တော့ ပင်စိမ်းရွက်လေးအုပ်လိုက်ရင် ထမင်းပူပူလေးနဲ့ တွဲစားရင် မြိန်မယ့် ပန်းကဏန်းဟင်းရည် စပ်စပ်လေး ရပါပြီ။
Ref: Maangchi
You May Also Like These Stories:
ပိတ်ရက်မှာ ကိုရီးယားစတိုင် ငါးချဉ်စပ်ဟင်းရည် ချက်စားရအောင်
ကြွပ်ကြွပ်ရွရွလေးနဲ့ စားကောင်းတဲ့ ကိုရီးယားစတိုင် ရေညှိ ပဲကြာဆံလိပ်ကြော်
ပိတ်ရက်မှာ ကိုရီးယားစတိုင် ရေဘဝဲအစပ်ကြော် လုပ်စားရအောင်
ကိုရီးယားစတိုင် ကင်မ်ချီ ဂျုံခေါက်ဆွဲသုပ် လုပ်စားကြမယ်
ကိုရီးယားစတိုင် ကြက်ချိုစပ်ကြော်
ပိတ်ရက်မှာ လွယ်လွယ်ကူကူ “ကိုရီးယားစတိုင် အမဲသားဟော့ပေါ့” ချက်စားကြမယ်
အရသာဆိမ့်ဆိမ့်လေးနဲ့ တမျိုးဆန်းတဲ့ ကိုရီးယားစတိုင် ကြက်ဥလိပ်