ဒီတပတ်တော့ ပေါ့ပေါ့ပါးပါးနဲ့ အလွယ်တကူပြင်ဆင်နိုင်တဲ့အပြင် ကလေးတွေလည်း အကြိုက်တွေမယ့် ပန်ကိတ် လုပ်နည်းလေးကို ပြောပြချင်ပါတယ်။ ပန်ကိတ်လုပ်နည်းမျိုးစုံရှိတဲ့ထဲက ဟောင်းပေမယ့်ကောင်းဆဲ ဆိုရမယ့် မူလပုံစံ ပန်ကိတ်လုပ်နည်းလေးကိုပဲ ဝေမျှပေးချင်ပါတယ်။
မူလလက်ဟောင်းလုပ်နည်းလေးကို သေချာသိသွားပြီဆိုရင် နောက်ထပ် ကိုယ်ကြိုက်သလို ပြင်ဆင်နိုင်ပါပြီ။
ပန်ကိတ်လုပ်ဖို့ လိုအပ်တာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
ပန်ကိတ်အမှုန့် ( စူပါမားကတ်တွေမှာ အလွယ်တကူဝယ်ယူလို့ရပါတယ်)
မုန့်ဖုတ်ပေါင်ဒါ
ဆား
သကြားအဖြူ
နွားနို့
ကြက်ဥ
ထောပတ် တို့လိုအပ်ပါတယ်။
လုပ်နည်းကလည်း အရမ်းလွယ်ပါတယ်။ ပန်ကိတ်မှုန့်၊ ဆားအနည်းငယ်၊ သကြား၊ မုန့်ဖုတ်ပေါင်ဒါတွေကို ခွက် တလုံးထဲထည့်ပြီး နွားနို့၊ ကြက်ဥနဲ့ ထောပတ်အပူပေးထားတဲ့ အရည်တွေလောင်းထည့်ပြီး သမအောင်မွှေပါ။ မွှေ တဲ့နေရာမှာ သေချာနှံ့ပြီး သမနေဖို့ လိုပါတယ်။
မုန့်နှစ်ရည်ရပြီဆိုရင်တော့ ပန်ကိတ်လုပ်ဖို့ ဒယ်အိုးကို အပူပေးပါ။ ပူလာပြီဆိုရင် ဒယ်အိုးအနံ့ထောပတ်ဆီသုတ် ပြီး မုန့်နှစ်ရည်လောင်းချပြီး အဝိုင်းပုံစံလေးဖြစ်အောင် ဖြန့်ပေးပါ။ မုန့်နှစ်ဖက်လုံး ရွှေအိုရောင်သမ်းလာပြီ ဆိုရင်တော့ ရပါပြီ။ အရမ်းလည်း အကျက်လွန်ပြီး မတူးအောင် ဂရုစိုက်ရသလို၊ မကျက်သေးဘဲ တဖက်ကိုလှန် လိုက်ရင်လည်း ဖြူဖတ်ဖြူရော်ဖြစ်သွားလို့ အထူးဂရုစိုက်သင့်ပါတယ်။
ကျက်သွားပြီဆိုရင် ပန်ကိတ်ကို ပန်းကန်ပေါ်တင်ပြီး ပျားရည်၊ စတော်ဘယ်ရီသီး၊ ဘယ်ရီသီး၊ ခရင်မ် အပေါ်က တင်ပြီး စားလေ့ရှိကြပါတယ်။
Ref: Allrecipes
You May Also Like These Stories:
ကြက်ဥကို မနက်စာအဖြစ် ရွေးချယ်သင့်တဲ့ အကြောင်းရင်း
အိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်တဲ့ နိုင်ငံတကာ အစားအစာများ
မနက်စာအဖြစ် မစားသင့်တဲ့ အစားအစာများ