မနက်စာကို အချိန်အများကြီး မပေးနိုင်သူတွေအတွက် မြန်မြန်ဆန်ဆန်၊ လွယ်လွယ်ကူကူ လုပ်လို့ရမယ့် ကိုရီးယားစတိုင် မနက်စာ ပေါင်မုန့်မီးကင် လုပ်နည်းကို မျှဝေပေးချင်ပါတယ်။ ကိုရီးယားလူမျိုးတွေ အလုပ်သွားရင်း ဝယ်စားလေ့ရှိလို့ “Gilgeori Toast” လို့ခေါ်ကြပြီး နှစ်ပေါင်း ၂၀ ကျော် နာမည်ကျော်နေတဲ့ မနက်စာ တမျိုးပါ။ ကိုယ်တိုင်လုပ်မယ် ဆိုရင်လည်း လွယ်ကူ ရိုးရှင်းပါတယ်။
ကိုရီးယားစတိုင် မနက်စာ ပေါင်မုန့်မီးကင် လုပ်ဖို့ —
ပေါင်မုန့်
ကြက်ဥ
ဂေါ်ဖီထုပ်
မုန်လာဥနီ
ကြက်သွန်မြိတ်
ဆား
ငရုတ်ကောင်း
ထောပတ်
ခရမ်းချဉ်သီးဆော့
သကြား
Mayonnaise
Ham
ချိစ်
Bacon
ကြက်သွန်နီ
သခွားသီးတို့ လိုအပ်ပါတယ်။
အရင်ဆုံး ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ Bacon နဲ့ သခွားသီးတို့ကို အတုံးသေးလေးတွေ လှီးဖြတ်ထားပါ။ ပြီးတာနဲ့ ဇလုံတခုထဲမှာ ကြက်ဥ၊ ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ Bacon တို့ကို ရောပြီး မွှေပေးပါ။ ဆားအနည်းငယ်၊ ငရုတ်ကောင်း အနည်းငယ် ထည့်ပါ။
ပြီးရင် ကြော်မယ့် ဒယ်အိုးကို ဆီပူပေးပြီး မီး အနည်းငယ်နဲ့ ကြော်ပါ။ ပေါင်မုန့် နှစ်ချပ်ကိုလည်း ထောပတ်သုတ်ပြီး ဒယ်အိုးထဲထည့် အပူပေးလိုက်ပါ။ မျက်နှာပြင် ရွှေအိုရောင် သမ်းပြီဆိုရင် ရပါပြီ။
ပေါင်မုန့် နှစ်ချပ်ထဲကို ခုနတုန်းက ကြက်ဥနဲ့ ရောကြော်ထားတာ ထည့်၊ သူ့အပေါ်ကနေ ချိစ် အပြားတင်၊ Ham တင်ပြီး ကိုယ်ကြိုက်နှစ်သက်သလို ခရမ်းချဉ်သီးဆော့စ်၊ Mayonnaise စမ်းလိုက်ရင် အရသာရှိတဲ့ ကိုရီးယားစတိုင် မနက်စာ ပေါင်မုန့်မီးကင် ရပါပြီ။
Ref. My Korean Kitchen