Food

ခရီးသွားတဲ့အခါ ရှောင်ကြဉ်သင့်တဲ့ အစားအစာများ

Want create site? Find Free WordPress Themes and plugins.

ခရီးသွားတဲ့အခါ လူတွေဟာ သရေစာပဲဖြစ်ဖြစ်၊ တခြား အစားအသောက်တွေကိုပဲဖြစ်ဖြစ် အလွန်အကျွံ စားသောက်လေ့ ရှိပါတယ်။ တချို့ အစားအစာတွေက ကျန်းမာရေးကို ဆိုးဆိုးရွားရွား မထိခိုက်နိုင်ပေမယ့် တချို့အစားအစာတွေကတော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ခရီးသွားရင် ရှောင်ကြဉ်သင့်တဲ့ အစားအစာ တချို့ကို ဖော်ပြပေးချင်ပါတယ်။

(၁) အသားစိမ်းနဲ့ ပင်လယ်စာများ

ပင်လယ်စာတွေကို ခရီးသွားနေတုန်း မစားသင့်ဘူးလို့ပြောရင် တချို့က အံ့သြကောင်း အံ့သြကြပါလိမ့်မယ်။ ဒါပေမဲ့လည်း ခရီးသွားနေတုန်း အချိန်တွေမှာ ပင်လယ်စာတွေကို အလွန်အကျွံ မစားသင့်ပါဘူး။ မစားသင့်တဲ့ အကြောင်းကတော့ ပင်လယ်စာတွေဟာ အူကို ဒုက္ခပေးနိုင်တဲ့ အတွက်ကြောင့်ပါ။

အမေရိကန် ရောဂါထိန်းချုပ်ရေးစင်တာရဲ့ အဆိုအရ အသားစိမ်းပဲဖြစ်ဖြစ်၊ ရှောက်သီး (သို့မဟုတ်) ဗင်နီဂါနဲ့ ချက်ထားတဲ့ အသားပဲဖြစ်ဖြစ်၊ ပင်လယ်စာပဲဖြစ်ဖြစ် ခရီးသွားနေတုန်း မစားသောက်ဖို့ အကြံပြုထားပါတယ်။ ဥပမာ – ပုစွန် အစိမ်းသုပ်တို့၊ ဂုံးအစိမ်းသုပ်တို့လို အစားအစာမျိုးတွေကို ခရီးသွားနေစဉ် ရှောင်ကြဉ်သင့်ပါတယ်။ ဂျပန်အစားအစာ ဆူရှီမှာလည်း အသားစိမ်းတွေ သုံးတတ်တာမို့ ခရီးသွားနေစဉ် ရှောင်သင့်ပါတယ်။

(၂) အသားကင်များ

နောက်ထပ် ရှောင်ကြဉ်ရမယ့် အစားအစာတွေကတော့ လမ်းဘေးမှာ အသင့်ရတဲ့ အသားကင်တွေပါ။ ဒီလို အသားကင်မျိုးတွေမှာဆိုရင် ရောဂါပိုးတွေက အလွယ်တကူ ရှိနေတတ်ပါတယ်။ ဒါကြောင့်လည်း ခရီးသွားတဲ့အခါ အလွယ်တကူ ဝယ်လို့ရတဲ့ အသားကင်မျိုးတွေကို မစားသောက်သင့်ပါဘူး။ ကင်ထားတဲ့ အစားအစာတွက အစာအိမ်ကိုလည်း ကောင်းကောင်း ဒုက္ခပေးတတ်ပါတယ်။

(၃) ရေခဲမုန့်

ရေခဲမုန့်ကိုလည်း ခရီးသွားနေစဉ် အချိန်မျိုးတွေမှာ မစားသင့်ပါဘူး။ အကြောင်းရင်းကတော့ အက်ဆစ်ဓာတ်တွေနဲ့ ဘက်တီးရီးယားတွေ ပါဝင်နေတဲ့အတွက်ကြောင့်ပါ။

(၄) အလွယ်တကူ သောက်သုံးနိုင်တဲ့ရေ

အခုအချိန်မျိုးမှာတော့ ရေသန့်ဘူးတွေကို နေရာတကာမှာ ရနေကြပါပြီ။ တကယ်လို့ ခရီးသွားမယ်ဆို ကျိုချက်ထားတဲ့ သောက်ရေကိုပဲဖြစ်ဖြစ်၊ ရေနွေးပူပူကိုပဲဖြစ်ဖြစ် သောက်သုံးသင့်ပါတယ်။ မက္ကဆီကို၊ ကွန်ဂို၊ ပါကစ္စတန်၊ ဂါနာ၊ နီပေါ၊ ကမ္ဘောဒီးယား၊ နိုင်ဂျီးရီးယား၊ တရုတ်၊ ရုရှား၊ တူရကီ စတဲ့ နိုင်ငံတွေရဲ့ သောက်သုံးရေ အများစုဟာ သန့်ရှင်းမှု မရှိပါဘူး။ ဒါကြောင့်လည်း ဒီလိုနိုင်ငံတွေကို သွားရောက် လည်ပတ်မယ်ဆိုရင် သောက်သုံးရေနဲ့ ပတ်သက်ပြီး အထူး သတိထားသင့်ပါတယ်။

(၅) ရေခဲ

ခရီးသွားတဲ့အခါ အလွန်အကျွံ မသောက်သုံးသင့်တာကတော့ ရေခဲပါ။ ဒါကြောင့် ဝီစကီ သောက်မယ် ဆိုရင်တောင် ရေခဲကို ချင့်ချိန်ပြီး အသုံးပြုသင့်ပါတယ်။

Ref. bestlifeonline.com

Did you find apk for android? You can find new Free Android Games and apps.
Loading