အစပ်စားခြင်းဟာ ခန္ဓာကိုယ် အလေးချိန်ကို လျော့ကျစေနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပေမယ့် အခုနောက်ဆုံး ပြုလုပ်ခဲ့တဲ့ သုတေသနအရဆိုရင်တော့ အစပ် အလွန်အကျွံစားခြင်းဟာ မှတ်ဉာဏ်ကို ချို့ယွင်းစေပြီး Dementia လို့ခေါ်တဲ့ ဦးနှောက် ပျက်စီးခြင်းအထိ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။
ဒီသုတေသန လေ့လာမှုဟာဆိုရင်တော့ အချိန်အတန်ကြာယူပြီး လေ့လာမှုပြုလုပ်ခဲ့တဲ့ Long Term Study တခုဖြစ်ပြီး လူပေါင်း ၄,၅၀၀ ခန့်ကို ပြုလုပ်ခဲ့တဲ့ လေ့လာမှုတခုလည်း ဖြစ်ပါတယ်။
လူပေါင်း ၄,၀၀၀ ကျော်ကို ပြုလုပ်ခဲ့တဲ့ ဒီလေ့လာမှုမှာဆိုရင်တော့ တရက်ကို ငရုတ်သီး (၅၀ ဂရမ်) စားသုံးသူတွေဟာ မစားသုံးသူတွေထက် ဦးနှောက် ပျက်စီးနိုင်ခြေ နှစ်ဆ မြင့်တက်နေပြီး မေ့လျော့လွယ်ခြင်းနဲ့ မှတ်ဉာဏ် အားနည်းလာခြင်းတို့ပါ ဖြစ်ပေါ်နေကြောင်းကို လေ့လာတွေရှိခဲ့ပါတယ်။
ဒီလေ့လာမှုအတွက် ငရုတ်သီးစားသုံးမှုများတဲ့ အာရှနိုင်ငံဘက်တွေမှာ အဓိကထား ပြုလုပ်ခဲ့တာဖြစ်ပြီး ငရုတ်သီးစိမ်းဖြစ်ဖြစ်၊ ငရုတ်သီးခြောက်ဖြစ်ဖြစ် အစပ် အရသာရှိတဲ့ ဘယ်ငရုတ်သီး အမျိုးအစားမဆို အလွန်အကျွံစားသုံးခြင်းက ဦးနှောက် မှတ်ဉာဏ်ကို ထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။
ငရုတ်သီးမှာပါဝင်တဲ့ Capsaicin ဆိုတဲ့ Chemical Compound တမျိုးဟာ အနည်းအကျဉ်းလောက် စားသုံးမယ်ဆိုရင် အာရုံကြောတွေကို လန်းဆန်းတက်ကြွစေတာ မှန်ပေမယ့် အလွန်အကျွံ စားသုံးမယ်ဆိုရင်တော့ ဦးနှောက်ကို ထိခိုက်စေနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
ဒီလေ့လာမှုအရ ခန္ဓာကိုယ်ပိန်ပြီး အစပ်ကြိုက်သူတွေမှာဆိုရင် ဦးနှောက် ပျက်စီးနိုင်ခြေ ပိုများကြောင်း သိရပါတယ်။
“ငရုတ်သီးလိုမျိုး စပ်တဲ့အစားအစာတွေ စားသုံးခြင်းဟာ ခန္ဓာကိုယ်အလေးချိန်နဲ့ သွေးပေါင်ချိန်အပေါ် သက်ရောက်မှုရှိပြီး ကောင်းမွန်စေနိုင်တယ်လို့ သိထားပေမယ့် အခုနောက်ဆုံး လေ့လာချက်အရဆိုရင် သတိပြုရမယ့် အရာတခု ဖြစ်လာနေပါပြီ”
“ငရုတ်ကောင်းတို့၊ ငရုတ်ပွတို့လို ငရုတ် အနွယ်ဝင်တွေက ဦးနှောက်ကို ဘာမှ မဖြစ်စေပေမယ့် ငရုတ်သီးအစားများခြင်းကတော့ ဦးနှောက်ကို ပျက်စီးတဲ့အထိ ဖြစ်စေနိုင်တာကြောင့် အစပ်ကြိုက်သူတွေကို ဆင်ခြင်စားသုံးစေချင်ပါတယ်” လို့ လေ့လာမှုမှာပါဝင်တဲ့ ဒေါက်တာ Zumin Shi က ပြောပါတယ်။
Ref. www.thejarkartapost.com
ငရုတ်သီး စားသူတွေက အခြားသူတွေထက် အသက်ပိုရှည်ကြောင်း လေ့လာတွေ့ရှိ
အိပ်ရာဝင်ခါနီးမှာ လုံးဝမစားသင့်တဲ့ အစားအသောက် ၃ မျိုး