အရိုးအဆစ်တွေ ကြံ့ခိုင်သန်မာစေဖို့အတွက် ကယ်လ်ဆီယမ်ဓာတ်ဟာ အရေးကြီးပြီး ကယ်လ်ဆီယမ်ဓာတ် အများဆုံးပါဝင်တယ်လို့ လူသိများတဲ့ အစားအစာကတော့ နို့နဲ့နို့ထွက်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ နို့နဲ့နို့ထွက်ပစ္စည်း မကြိုက်သူတွေအနေနဲ့ အခုဖော်ပြပေးမယ့် အစားအစာတွေ စားသုံးခြင်းကနေလည်း ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ်ကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။
(၁) ဟင်းနုနွယ်
ဟင်းနုနွယ်ပန်းကန်လုံးတလုံးစာမှာ ကယ်လ်ဆီယမ် ၂၄၀ မီလီဂရမ်အထိ ပါဝင်ပြီး အမျှင်ဓာတ်၊သံဓာတ်၊ ဖောလစ်အက်ဆစ်၊ ဗီတာမင်အေနဲ့ ဗီတာမင်စီတို့ပါဝင်တာကြောင့် နို့သောက်သုံးရတာ မကြိုက်သူတွေ များများစားပေးသင့်တဲ့ အသီးအရွက်တမျိုးဖြစ်ပါတယ်။
(၂) နှမ်း
အသီးအရွက်သုပ်တွေမှာ ထည့်သွင်းစားသုံးလေ့ရှိတဲ့ နှမ်းမှာဆိုရင်လည်း ကယ်လ်ဆီယမ်ဓာတ် ၂၈၀ မီလီဂရမ် ပါဝင်ပြီး ပရိုတင်းနဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတမျိုးဖြစ်တာကြောင့် အရိုးအဆစ်ကျန်းမာရေးအတွက် စားသုံးပေးသင့်ပါတယ်။
(၃) ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်း ပန်းကန်လုံးတလုံးစာမှာ ကယ်လ်ဆီယမ်ဓာတ် ၁၈၀ မီလီဂရမ် ပါဝင်တဲ့အပြင် ဗီတာမင်စီနဲ့ ဗီတာမင်အေတို့ပါဝင်တာကြောင့် ပုံမှန်စားသုံးပေးမယ်ဆိုရင် အရိုးကျန်းမာရေးကို ကောင်းမွန်စေပြီး ကင်ဆာရောဂါဖြစ်နိုင်ခြေကိုပါ လျော့နည်းစေနိုင်မှာ ဖြစ်ပါတယ်။
(၄) ပဲအမျိုးမျိုး
ပဲတွေမှာ ကယ်လ်ဆီယမ်ဓာတ် ၇၅ မီလီဂရမ်ကနေ ၁၄၀ မီလီဂရမ်အထိ ပါဝင်တဲ့အပြင် ပရိုတင်းဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် အရိုးကျန်းမာရေးပြဿနာရှိသူတွေ စားသုံးပေးသင့်တဲ့ အစားအစာတမျိုးဖြစ်ပါတယ်။
(၅) သဖန်းသီး
သဖန်းသီးမှာ ကယ်လ်ဆီယမ်ဓာတ် ၃၀၀ မီလီဂရမ်အထိ ပါဝင်တာကြောင့် နို့တဖန်ခွက်မှာ ပါဝင်တဲ့ ကယ်လ်ဆီယမ်ဓာတ်နဲ့ညီမျှပြီး ပိုတက်ဆီယမ်နဲ့ အမျှင်ဓာတ်တို့ကြွယ်ဝစွာပါဝင်တာကြောင့် အူလမ်းကြောင်းကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။
Ref. www.insider.com
You may also like these stories:
ကျန်းမာရေးအတွက် အကောင်းမွန်ဆုံး အသီးအနှံများ
ဖရဲသီးနဲ့ ကျန်းမာရေး အကျိုးကျေးဇူး