ပိတ်ရက် မိုးအေးအေးနဲ့ ထမင်းစားချင်စိတ်မရှိတဲ့အခါမျိုးမှာ အဆိမ့်အရသာလေးနဲ့ စားကောင်းမယ့် ခရင်မ်ချိစ် ခရမ်းချဉ်သီးဆော့စ် ပါစတာလေး ချက်စားကြည့်ရအောင်။ လုပ်ရတာလွယ်ကူပြီး အချိန်တိုအတွင်းချက်ပြုတ် ပြင်ဆင်နိုင်သလို အဆိမ့်အရသာကို အအီပြေအောင် ခရမ်းချဉ်သီးဆော့စ်လေးပေါင်းစပ်ထားလို့ ခံတွင်းမြိန်စေ မှာပါ။
Creamy Pasta နဲ့ ခရမ်းချဉ်သီးဆော့စ်ချက်ဖို့ လိုအပ်တာတွေကတော့ အောက်ပါအတိုင်းပါ။
သံလွင်ဆီ
ထောပတ်
ကြက်သွန်နီ
ခရမ်းချဉ်သီးဆော့စ်
ပါစတာ
ခရင်မ်ချိစ် တို့လိုအပ်ပါတယ်။
အရင်ဆုံး ပါစတာပြုတ်ဖို့ ရေနွေးတည်ထားပါ။ တဖက်မှာလည်း ပါစတာအတွက် ဆော့စ်ချက်ပါမယ်။ ဒယ်အိုး ကို မီးဖိုးပေါ်တင်ပါ။ ပူလာရင် သံလွင်ဆီအနည်းငယ်ထည့်ပြီး ပါးပါးလှီးထားတဲ့ကြက်သွန်နီကို ဆီသတ်ပါ။ ၅ မိနစ် ၆ မိနစ်လောက် ဆီသတ်ပြီးရင် ခရမ်းချဉ်သီးဆော့စ်ကို ရောထည့်လိုက်ပါ။ ရေအနည်းငယ်ထည့်ပြီး သေချာ မွှေပေးပါ။
ဆော့စ်ချက်ထားတုန်းမှာ ပါစတာကိုပြုတ်ပါမယ်။ မပြုတ်ခင်မှာ ရေနွေးထဲကို ဆားအနည်းငယ်ထည့်ပါ။ ပွက်ပွက်ဆူနေတဲ့ ရေနွေးထဲကို ပါစတာခေါက်ဆွဲထည့်ပြီး အနေတော် နူးညံ့တဲ့ထိ ပြုတ်ပါ။ ကိုယ်စားမယ့်အနေတော် ရပြီဆိုရင် ရေစစ်ထားပါ။
ဆော့စ်ချက်တာ ကျက်ခါနီးပြီဆိုရင် ချခါနီးမှာ ခရင်မ်ချိစ်လေးထည့်လိုက်ပါ။ ချိစ်တွေ ပျော်ဝင်သွားတဲ့ထိ မွှေပါ။ ပြစ်လာပြီဆိုရင် မီးဖိုးပေါ်ကချပြီး ပါစတာခေါက်ဆွဲနဲ့ ရောမွှေလိုက်ရင် ဆိမ့်ဆိမ့်လေးနဲ့ စားကောင်းတဲ့ Creamy Pasta တခွက်ရပါပြီ။
Creamy Pasta နဲ့တွဲဖက်စားဖို့ဆိုရင် ကြွပ်ကြွပ်ရွရွလေးကင်ထားတဲ့ ကြက်သွန်ဖြူပေါင်မုန့်နဲ့ဆို အလိုက်ဖက် ဆုံးပါ။ ဖော်ပြခဲ့တဲ့ချက်နည်းကတော့ ဘာဖြည့်စွက်စာမှ မထည့်ထားတဲ့ပုံစံပါ။ ကိုယ့်အကြိုက်ပြင်ချင်တယ်ဆိုရင် ကြက်သွန်ဖြူ၊ မှို၊ မုန်လာဥနီ၊ ဟင်းနုနွယ်စတာတွေလည်း ထပ်ဖြည့်ထည့်လို့ရပါတယ်။
Ref: The Spruce Eats