Food

Kang’s Kitchen ထဲကအတိုင်း လေးရောင်စပ်အကြော်နဲ့ တော့ပုကီ လုပ်စားရအောင်

Want create site? Find Free WordPress Themes and plugins.

ကိုရီးယားနိုင်ငံရဲ့ TV အစီအစဉ်တခု ဖြစ်တဲ့ အနုပညာရှင်တွေကိုယ်တိုင် အစားအသောက်တွေ ချက်ပြုတ်ပြင်ဆင်ပြီးရောင်းတဲ့ Kang’s Kitchen ထဲက မင်းသား Ahn Jae Hyun ချက်တဲ့ လေးရောင်စပ်အကြော်နဲ့ တော့ပုကီ လုပ်နည်းကို ပိတ်ရက်မှာ မိသားစု၊ သူငယ်ချင်းတွေနဲ့ အတူတူ လုပ်စားနိုင်အောင် ဖော်ပြပေးချင်ပါတယ်။

လေးရောင်စပ်အကြော်နဲ့ တော့ပုကီ (Quattro Fries and Tteokbokki) လုပ်မယ်ဆိုရင် —
ကန်စွန်းဥ
Beetroot
မုန်လာဥနီ
ဟင်းနုနွယ်
အကြော်မှုန့်
Potato starch
ကြက်သွန်နီ
ကြက်ဥချောင်း
တော့ပုကီတို့ လိုအပ်ပါတယ်။

အရင်ဆုံး လေးရောင်စပ်အကြော် ကြော်ဖို့ ကန်စွန်းဥ၊ မုန်လာဥနီနဲ့ Beetroot တွေကို အချောင်းလေးတွေ လှီး ထားပါမယ်။ ဟင်းနုနွယ်ကိုလည်း ရေဆေးပြီး အရွက်တွေ သင်ထားပါ။

အကြော်ကြော်ဖို့ ပန်းကန်လုံးတခုထဲကို အကြော်မှုန့်၊ Potato starch တို့ကို ရေအေးအေးလေးနဲ့ မုန့်နှစ်ရည်ဖြစ်အောင် သေချာမွှေပြီးဖျော်ပါ။ မုန့်နှစ် ဖျော်တဲ့နေရာမှာ ရေခဲရည်နဲ့ ဖျော်ရင် အကြော်က ပိုပြီးကြွပ်ကြွပ်ရွရွလေး ဖြစ်စေပါတယ်။

အားလုံး ပြင်ဆင်ပြီးပြီဆိုရင် မုန့်နှစ် အရည်ကိုယူကာ ကန်စွန်းဥ၊ မုန်လာဥနီ၊ Beetroot နဲ့ ဟင်းနုနွယ်ရွက်တွေကို နှစ်ပြီး ဒယ်အိုးရဲ့ လေးပုံတပုံချင်းစီ ထည့်ကြော်ပါ။ ပြီးရင် ကြက်ဥချောင်းနဲ့ ကြက်သွန်နီ ပါးပါးလှီးထားတာကို အလယ် အပေါ်ကနေ ထည့်ကြော်ပါ။ ရွှေအိုရောင် သန်းလာရင် တဖက်လှန်ပြီး ထပ်ကြော်ပါ။ အကြော်ရပြီဆိုရင် ဆီစစ်ပြီး ခဏ ဖယ်ထားပါ။

တော့ပုကီ စချက်ပါမယ်။ တော့ပုကီ လုပ်နည်းကို အရင်ကလည်း ဖော်ပြခဲ့ပြီးသားမို့ အတိုချုံးပြောရရင် အရင်ဆုံး Anchovy ငါးလေးခြောက်နဲ့ ပြုတ်ရည် ရအောင် တည်ပါ။ တော့ပုကီ၊ ငါးအသားပြား၊ ငရုတ်သီး အစိမ်းမှုန့်၊ ငရုတ်နှစ်၊ သကြား၊ ပဲငံပြာရည်တို့ ထည့်ပါ။ အရသာ အလေးကြိုက်ရင် ငံပြာရည် အနည်းငယ် ထည့်ပါ။ ပွက်ပွက် ဆူလာရင် ကြက်သွန်မြိတ် အုပ်လိုက်ပါ။

ခုနက ကြော်ထားတဲ့ အကြော်ကို တော့ပုကီပေါ်တင်ပြီး တွဲဖက်စားမယ်ဆိုရင် အရသာ ထူးခြားပြီး အရောင်အသွေးစုံတဲ့ လေးရောင်စပ်အကြော်နဲ့ တော့ပုကီ မြည်းစမ်းကြည့်လို့ ရပါပြီ။

Ref. Helens Kitchen

You may also like these stories:

ကိုရီးယားစတိုင် ပန်းကဏန်းဟင်းရည် ချက်စားရအောင်

ကလေးတွေအကြိုက် ကြက်သား လက်ညှိုးချောင်းကြော် လုပ်စားရအောင်

အရသာ ထူးခြားတဲ့ တရုတ်အစားအစာ ပိန္နဲသီးပေါက်စီ လုပ်စားကြမယ်

အရသာဆိမ့်ဆိမ့်လေးနဲ့ ဟင်းလျာအသစ် အုန်းသီးပုစွန်ကင်

Did you find apk for android? You can find new Free Android Games and apps.
Loading