တချို့သောအစားအစာတွေဟာ အဆီဓာတ်ပါဝင်မှုများတာကြောင့် ကိုယ်အလေးချိန်ထိန်းသိမ်းသူတွေနဲ့ ကျန်းမာရေးလိုက်စားသူတွေဟာ ရှောင်ကြဉ်လေ့ရှိကြပါတယ်။ ဒါပေမယ့် အခုဖော်ပြပေးမယ့် အစားအစာတွေကတော့ အဆီဓာတ်ပါဝင်မှု များပေမယ့် ကျန်းမာရေးအတွက် ကောင်းကျိုးဖြစ်စေတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။
(၁) ထောပတ်သီး
ထောပတ်သီးမှာ အဆီဓာတ် ၇၇ ရာခိုင်နှုန်းခန့် ပါဝင်တဲ့အတွက် အသားတွေမှာ ပါဝင်တဲ့ အဆီဓာတ်နီးပါး လောက်ဖြစ်ပေမယ့် ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်စေတဲ့ ကိုလက်စထရောဓာတ်တွေ မပါဝင်တာကြောင့် ကိုယ်အလေးချိန် လျှော့ချနေသူတွေနဲ နှလုံးကျန်းမာရေးပြဿနာရှိသူတွေအတွက် သင့်တော်ပါတယ်။
(၂) အုန်းသီးနဲ့ အုန်းဆီ
အုန်းသီးနဲ့ အုန်းဆီတို့မှာ အဆီဓာတ် ၉၀ ရာခိုင်နှုန်းခန့် ပါဝင်ပေမယ့် နှလုံးရောဂါ၊ အသည်းရောဂါနဲ့ အဝလွန်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေနိုင်ပါတယ်။
(၃) အစေ့အဆန်များ
အစေ့အဆန်တွေဟာ ဆိုရင်လည်း အဆီဓာတ်ပါဝင်မှုများတဲ့ အစားအစာတမျိုး ဖြစ်ပြီး ဗီတာမင်အီး၊ အမျှင်ဓာတ်နဲ့ သတ္တုဓာတ်တို့ ကြွယ်ဝစွာ ပါဝင်တာကြောင့် ဆီးချိုရောဂါနဲ့နှလုံးရောဂါတို့ကို ကာကွယ်ပေးနိုင်ပါတယ်။
(၄) ဥအမျိုးမျိုး
ကြက်ဥ၊ဘဲဥ စတဲ့ ဥအမျိုးမျိုးမှာ အဆီဓာတ် ၆၂ ရာခိုင်နှုန်းအပြင် ပရိုတင်းဓာတ် ဦးနှောက်အတွက် လိုအပ်တဲ့ ကိုလင်းဓာတ်တို့ ပါဝင်တာကြောင့် အဆီဓာတ်ပါဝင်မှုများပေးမယ့် ကျန်းမာရေးအတွက် သင့်တော်တဲ့ အစားအစာတမျိုး ဖြစ်ပါတယ်။
(၅) ချိစ် (Cheese)
နို့ထွက်ပစ္စည်းတမျိုးဖြစ်တဲ့ ချိစ်ဟာဆိုရင်တော့ အဆီဓာတ်အပြင် ကယ်လ်ဆီယမ်၊ ပရိုတင်း၊ ဖော့စဖရပ်နဲ့ Fatty Acid တို့ကြွယ်ဝစွာပါဝင်တာကြောင့် အမျိုးအစား၂ ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်ပါတယ်။
Ref. www.healthline.com
You may also like these stories:
နို့နဲ့ နို့ထွက်ပစ္စည်းတွေလိုမျိုး ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာများ
တုပ်ကွေးမြန်မြန်ပျောက်ဖို့ တုပ်ကွေးဖြစ်နေချိန် စားပေးသင့်တဲ့ အစားအစာများ
မစားသင့်တဲ့ အချိန်မှာ စားမိရင် ကျန်းမာရေးအတွက် အန္တရာယ် ရှိနိုင်တဲ့ အစားအစာများ
မိုးရာသီမှာ များများစားပေးသင့်တဲ့ အစားအစာများ