နေရာဒေသ အသစ်တခုကို သွားရောက် လည်ပတ်တဲ့အခါ လည်ပတ်စရာ နေရာတွေအပြင် ရိုးရာဒေသ အစားအစာတွေကို မြည်းစမ်းကြည့်တာကလည်း ခရီးသွားရတာ နှစ်ခြိုက်သူတိုင်း ပြုလုပ်လေ့ရှိတဲ့ အရာ တခုပါ။ အခုဖော်ပြပေးမှာကတော့ အင်ဒိုနီးရှားနိုင်ငံကို သွားရောက် လည်ပတ်တဲ့အခါ မစားမဖြစ် စားသင့်တဲ့ အစားအစာတွေ အကြောင်းပဲ ဖြစ်ပါတယ်။
(၁) Nasi Goreng
အင်ဒိုနီးရှားရဲ့ နာမည်ကြီး ထမင်းကြော်တမျိုးဖြစ်တဲ့ Nasi Goreng ဟာဆိုရင် အင်ဒိုနီးရှားရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ အသား၊ အသီးအရွက်ချဉ်တွေနဲ့ ခပ်စပ်စပ် အရသာမျိုး ကြော်လှော်ထားတာ ဖြစ်ပြီး မစားမဖြစ် စားသင့်ပါတယ်။
(၂) Soto Betawi
အရသာရှိတဲ့ ဟင်းရည်တမျိုးမျိုး သောက်မယ်လို့ ရည်ရွယ်ထားရင်တော့ Soto ကို မြည်းစမ်းကြည့်သင့်ပါတယ်။ အမဲသားနဲ့ ဆိတ်သားတိုကို အုန်းနို့၊ အုန်းရည် ဟင်းအနှစ်တွေနဲ့ ချက်ပြုတ်ထားတာ ဖြစ်ပါတယ်။
(၃) Sate (Satay)
ကြက်သားကို အရသာရှိတဲ့ မြေပဲဆော့စ်နဲ့ အမွှေးအကြိုင်တွေ သုံးကာ ကင်ထားတဲ့ BBQ တမျိုးဖြစ်တာကြောင့် အကင်ကြိုက်သူတွေ မြည်းစမ်းကြည့်သင့်တဲ့ အစားအစာတမျိုး ဖြစ်ပါတယ်။
(၄) Gado-gado Salad
အင်ဒိုနီးရှားရိုးရာ အသုပ်တမျိုးဖြစ်တဲ့ Gado-gado ဟာဆိုရင်တော့ ပဲသီး၊ ဟင်းနုနွယ်၊ သခွားသီး၊ အာလူး၊ ပြောင်းဖူး စတဲ့ ဟင်းသီးဟင်းရွက်တွေကို မြေပဲဆော့စ်နဲ့ သုပ်ထားတဲ့ အသုပ်တမျိုး ဖြစ်ပါတယ်။
(၅) Ayam goreng
ကြည့်လိုက်ရင်တော့ ရိုးရိုးတန်းတန်း ကြက်ကြော်လို့ ထင်စရာရှိပေမယ့် အင်ဒိုနီးရှားကြက်ကြော် စားဖူးသူတိုင်း အရသာကို စွဲမက်သွားတတ်ကြပါတယ်။ တောကြက်ကို အသုံးပြုပြီး ကြော်ထားတာကြောင့် သာမန်ကြက်ကြော်တွေထက် ပိုချိုပြီး ကြက်ကြော်အပေါ်ကနေ ဆမ်းထားတဲ့ ဆော့စ်က တခြားသော ကြက်ကြော်တွေထက် အရသာပိုကောင်းတဲ့ အချက်တချက် ဖြစ်ပါတယ်။
Ref. migrationology.com