ကိုရီးယားရိုးရာအစားအစာ ကင်ချီဟာ ကိုရီးယားလူမျိုးတွေရဲ့ နေ့စဉ်စားသောက်မှုမှာ မပါမဖြစ် ဖြစ်သလို ကျန်းမာရေးအတွက်လည်း ကောင်းကျိုးတွေများစွာရှိတာကြောင့် နိုင်ငံတကာမှာပါ စားသောက်နေကြတဲ့ ရိုးရာအစားအစာတမျိုးပဲ ဖြစ်ပါတယ်။
ကင်ချီဆိုတာကတော့ ဟင်းသီးဟင်းရွက်တွေကို ကြာရှည်ခံအောင် အချဉ်ဖောက်ပြီး စားသုံးကြတာမျိုးဖြစ်ပြီး ကင်ချီအမျိုးအစားပေါင်း ၁၀၀ ကျော်ခန့်ရှိတယ်လို့လည်း သိရပါတယ်။
ကင်ချီဟာ ဟင်းသီးဟင်းရွက်တွေကို ကြာရှည်ခံအောင် အချဉ်ဖောက်ထားတယ်ဆိုပေမယ့် တာရှည်ခံဆေးတွေ မပါဝင်ဘဲ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ဘက်တီးရီးယားတွေပါဝင်ပြီး အဆီဓာတ် မပါဝင်တာကြောင့် ကျန်းမာရေးအတွက် သင့်တော်စေတာပဲ ဖြစ်ပါတယ်။
ဆေးသိပ္ပံပညာရှင်တွေရဲ့ အခုနောက်ဆုံးပြုလုပ်တဲ့ လေ့လာချက်တွေအရ ကင်ချီစားသုံးခြင်းဟာ အမျိုးသားတွေမှာ အများဆုံးဖြစ်တတ်တဲ့ ထိပ်ပြောင်ခြင်းနဲ့ ဆံပင်ကျွတ်ခြင်း၊ ဆံသားပါးခြင်းတို့ကို ကာကွယ်ပေးနိုင်တယ်ဆိုတာပဲ ဖြစ်ပါတယ်။
ဒီသုတေသနလေ့လာမှုကို အတည်ပြုဖို့အတွက် ထိပ်ပြောင်ပြီး ဆံသားပါးလျတဲ့ အမျိုးသား ၂၃ ဦးခန့်ကို နေ့စဉ်စားသောက်မှုပုံစံမှာ ကင်ချီကိုထည့်သွင်းကျွေးမွေးပြီး ၁လခန့် စောင့်ကြည့်လေ့လာခဲ့တဲ့အခါ ဆံပင်ပေါက်နှုန်းဟာ သာမန်ထက်ပိုပြီး လျင်မြန်လာပြီး ဆံပင်ကျွတ်ခြင်းဟာလည်း လျော့နည်းလာကြောင်းကို တွေ့ရှိခဲ့ပါတယ်။
အသေးစိတ်လေ့လာချက်တွေအရ ဆိုရင်တော့ ဦးရေပြားရဲ့ ၁စတုရန်းစင်တီမီတာမှာ ဆံပင်အချောင်းရေ ပုံမှန် ၈၅ ပင်ခန့််ကနေ ကင်ချီနေ့စဉ်စားပြီး တလအကြာမှာ ၉၀ ၊ ၉၂ ပင်ခန့်် တိုးတက်လာတာပဲ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာချက်မှာဆိုရင်လည်း ကင်ချီစားသုံးခြင်းဟာ ကိုလက်စထရောတွေကို ကျဆင်းစေပြီး ဆံသားကျန်းမာရေး ပြဿနာတွေကို လျော့နည်းစေနိုင်တယ်လို့ ဆိုပါတယ်။
ဒီလေ့လာမှုနဲ့ ပတ်သက်ပြီး Dankook တက္ကသိုလ်က သုတေသီတဦးက “ ထိပ်ပြောင်ခြင်းနဲ့ ဆံသားကျန်းမာရေး ပြဿနာတွေကို ကုသရာမှာ အသုံးတည့်တဲ့ သဘာဝဆေးဝါးတမျိုးကို ရှာဖွေတွေ့ရှိခဲ့တာမျိုး ဖြစ်တာကြောင့် ဘေးထွက်ဆိုးကျိုးလည်း နည်းပါးပြီး ရေရှည်မှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
Ref. www.thesun.co.uk
You may also like these stories:
အမျိုးသားတွေ ထိပ်ပြောင်ခြင်းကို ကာကွယ်ပေးမယ့် အစားအစာ ၅ မျိုး
ကိုရီးယားစတိုင် ကင်မ်ချီ ဂျုံခေါက်ဆွဲသုပ် လုပ်စားကြမယ်
အစပ်အရသာ မပါလို့ ကလေးတွေ အကြိုက်တွေ့မယ့် ကိုရီးယား ကင်မ်ချီအဖြူ
ပိတ်ရက်မှာ ကိုရီးယားစတိုင် ငါးချဉ်စပ်ဟင်းရည် ချက်စားရအောင်