အစေ့အဆန်တွေထဲမှာ စားလို့ကောင်းပြီး ကျန်းမာရေးနဲ့သင့်တော်တဲ့ အစေ့အဆန်ကတော့ ရွှေဖရုံသီးစေ့ပဲ ဖြစ်ပါတယ်။ ဖရုံစေ့မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ သင်ထင်မထားလောက်အောင် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမှာဖြစ်ပြီး တနေ့ကို ရွှေဖရုံသီးစေ့ လက်တဆုပ်ခန့် စားပေးခြင်းကနေ ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
(၁) ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်တယ်
ရွှေဖရုံသီးစေ့မှာ ပါဝင်တဲ့ သတ္တုဓာတ်၊ပရိုတင်းဓာတ်နဲ့ Magnesium ဓာတ်တို့ဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်တာကြောင့် ဆီးချိုတက်ခြင်းကို ကာကွယ်ပေးနိုင်ပြီး ဆီးချိုရောဂါနဲ့ ဆက်စပ်နေတဲ့ နောက်ဆက်တွဲကျန်းမာရေး ပြဿနာတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။
(၂) အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေနိုင်တယ်
ရွှေဖရုံစေ့မှာ Antioxidant ၊ ဗီတာမင်အီး၊ သံဓာတ်၊ ဇင့်ဓာတ်နဲ့ အသားအရေ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ ကော်လဂျင်ထုတ်လွှတ်မှုအတွက် အရေးပါတဲ့ သတ္တုဓာတ်တွေ ပါဝင်တာကြောင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပြီး အသားအရေ၊ အရိုးအဆစ်နဲ့ နာတာရှည် ကျန်းမာရေးပြဿနာတွေကို လျော့ပါးစေနိုင်ပါတယ်။
(၃) ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်တယ်
လေ့လာမှုတွေအရ ရွှေဖရုံသီးစေ့မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာနဲ့ အဆုတ်ကင်ဆာ အပါအဝင် အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ရင်သားကင်ဆာ ဖြစ်ပွားခြင်းတို့ကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
(၄) ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်
ရွှေဖရုံသီးစေ့မှာ ပရိုတင်းဓာတ် ၃၀ ရာခိုင်နှုန်းအထိ ပါဝင်ပြီး သံဓာတ်နဲ့၊ ဇင့်ဓာတ်တို့ ပါဝင်တာကြောင့် သွေးအားနည်းခြင်းကို ကာကွယ်ပေးနိုင်ပြီး ကိုယ်ခံအားစနစ် ကောင်းမွန်အောင် ကူညီပေးနိုင်ပါတယ်။
(၅) သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တယ်
ရွှေဖရုံသီးစေ့မှာ Copper ဓာတ်မြင့်မားစွာ ပါဝင်ပြီး သွေးစီးဆင်းမှုကို ကောင်းမွန်စေကာ ကိုယ်တွင်း ဆိုဒီယမ်ဓာတ်မြင့်မားခြင်းကို တားဆီးပေးနိုင်တာကြောင့် သွေးပေါင်ချိန်ရုတ်တရက် တက်လာခြင်းကို တားဆီးပေးနိုင်ပါတယ်။
Ref. www.organicfacts.net
You may also like these stories:
စိုးရိမ်ပူပန်မှုတွေကို လျော့ချပေးမယ့် စူပါအစားအစာများ
အစားစားတဲ့အခါ လက်နဲ့စားခြင်းက ကျန်းမာရေးကို ပိုမိုကောင်းမွန်စေနိုင်
စပါးလင်ရဲ့ ကျန်းမာရေး ကောင်းကျိုးများ
အိပ်ရာဝင်ခါနီးတိုင်း ပျားရည် စားသုံးပေးရုံနဲ့ ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုး ၅ ခု