နာမည်ကျော် ကိုရီးယား BBQ စတိုင်လို့ဆိုလိုက်ရင် ဇာတ်လမ်းတွဲတွေထဲမှာ တွေ့နေကျ ဆလပ်ရွက်၊ နှမ်း ရွက်တွေနဲ့ အတူတွဲစားရတဲ့ သုံးထပ်သားကင်တွေကို မြင်မိကြမှာပါ။ နောက်တမျိုးကတော့ အရသာစိမ်ထားတဲ့ အသား လွှာတွေကို အသီးအရွက်တွေနဲ့ ကင်စားတဲ့ Bulgogi ကလည်း ကိုရီးယားရဲ့နာမည်ကျော် BBQ တမျိုးပါ။
Fire meat လို့အဓိပ္ပာယ်ရတဲ့ Bulgogi ချက်စားဖို့အတွက် လိုအပ်တာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
အမဲသား (သို့) ဝက်သား (သို့) ကြက်သား
ကြက်သွန်မြိတ်အကြီး
ကြက်သွန်နီ
မုန်လာဥနီ
ပဲကြာဆံ
မှို
အသားပြုတ်ရည်
ပဲငံပြာရည် တို့လိုအပ်ပါတယ်။
အရင်ဆုံး ချက်မယ့်အသားကို အရသာစိမ်ဖို့ အချိုရည်လုပ်ပါမယ်။ ပန်းကန်လုံးတလုံးထဲကို ပဲငံပြာရည်၊ ရေအ နည်းငယ်၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ ဆန်အရက်၊ ထောင်းထားတဲ့ ကြက်သွန်ဖြူအနှစ်၊ နှမ်းဆီနဲ့ ပန်းသစ် တော်သီးကို ကြိတ်စက်ထဲထည့်ပြီး အရည်ဖျော်ထည့်ပါ။
အချိုရည်ရပြီဆိုရင် ချက်မယ့်အသားလွှာတွေကို အမြှောင်းလိုက်လေးတွေဖြတ်ပြီး အချိုရည်ထဲ အနည်းဆုံး မိ နစ် ၃၀ (သို့) ၁ နာရီလောက်စိမ်ပါ။ အချိန်ရရင် ညတည်းက ရေခဲသေတ္တာထဲထည့်ပြီး သိပ်ထားရင် ပိုအရသာ ဝင်ပါတယ်။ အားလုံးပြင်ဆင်ပြီးပြီဆိုရင် ကြက်သွန်မြိတ်၊ မုန်လာဥနီတို့ကိုပါ ခပ်ပါးပါးလှီးထားပါ။
အဆင်သင့်ဖြစ်ပြီဆိုရင် ကင်မယ့်ဒယ်အိုးကို ဆီနည်းနည်းသုတ်ပြီး အချိုရည်စိမ်ထားတဲ့အသားနဲ့ ကြက်သွန် မြိတ်၊ ကြက်သွန်နီ၊ မုန်လာဥနီတို့ကိုရောထည့်ပြီး ကင်ပါ။ ကြော်စားမယ်ဆိုရင်တော့ အသားစိမ်ထားတဲ့ အချို ရည်တွေပါ ထည့်ချက်ပါ။ အသားနူးပြီဆိုရင်တော့ နှမ်းနဲ့ ကြက်သွန်မြိတ်ဖြူးလိုက်ရုံပါပဲ။ အသားပြုတ်ရည်နဲ့ ဟော့ပေါ့စတိုင် စားမယ်ဆိုရင်လည်း မှိုနဲ့ပဲကြာဆံတွေ ထည့်ပြီး အရည်သောက်စားကြပါတယ်။
Ref: Korean Bapsang