ဒီတပတ်တော့ ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး ကိုယ်အလေးချိန်လျော့ချချင်သူတွေအတွက်လည်း အထူးသင့် တော်မယ့် ထိုင်းစတိုင် Fresh Spring Rolls လုပ်စားကြရအောင်။
လတ်လတ်ဆတ်ဆတ် အသီးရွက်တွေနဲ့ အသား (သို့) ပုစွန်ကိုထည့်ပြီး လိပ်စားကြတဲ့ဓလေ့က ထိုင်းမှာပဲ မဟုတ်ပါဘူး။ ဗီယက်နမ်မှာလည်း နာမည်ကြီးသလို မြန်မာနိုင်ငံမှာဆိုရင်လည်း ကော်ပြန့်စိမ်းဆိုပြီး တရုတ်စတိုင်ပုံစံလေး စားလေ့ရှိကြပါတယ်။
ဒါပေမယ့် ဒီတခါတော့ ဗီယက်နမ်စတိုင်နဲ့ ခပ်ဆင်ဆင်တူတဲ့ ထိုင်းစတိုင် Spring Rolls လုပ်နည်းလေးကို ဝေမျှပေး ချင်ပါတယ်။
ထိုင်းစတိုင် Fresh Spring Rolls လုပ်ဖို့အတွက် —
Rice Wrappers (Rice Paper လို့လည်း ခေါ်ကြပြီး စူပါမားကတ်တွေမှာ ဝယ်ယူနိုင်ပါတယ်)
ကြက်သား (သို့) ပုစွန်
ပဲငံပြာရည်
တရုတ်နံနံ
ပင်စိမ်း
သခွားသီး
မုန်လာဥနီ
ပဲပင်ပေါက် တို့လိုအပ်ပါတယ်။
အရင်ဆုံး ထုပ်စားဖို့ အစာတွေကို ပြင်ဆင်ပါမယ်။ တရုတ်နံနံ၊ ပင်စိမ်း တို့ကို ရေဆေးပြီး သင်ထားပါ။ သခွားသီး ကို အမြောင်လိုက်လေးတွေ လှီးထားပါ။ မုန်လာဥနီကိုတော့ ခြစ်နဲ့ ခြစ်ထားပါ။ ပဲပင်ပေါက်အစိမ်းကြိုက်ရင် ဒီအ တိုင်းထည့်နိုင်ပြီး မကြိုက်ရင်တော့ ရေနွေးဖျောထားပါ။ ထည့်မယ့်အသားကို ရေလုံပြုတ်လေး ပြုတ်ထားပါ။
အသီးရွက်တွေနဲ့ အသားကိုနွှင်ပြီး အရသာဝင်သွားအောင် ပဲငံပြာရည်လေး အနည်းငယ်ထည့်နယ်ပါ။ သက် သတ်လွတ်စားနေတဲ့သူဆိုရင်တော့ အသားအစား ပဲပြားသုံးနိုင်ပါတယ်။
ထုပ်စားမယ့် Rice Paper ကို အဝတ်သန့်သန့်နဲ့ သန့်စင်သွားအောင်ပွတ်တိုက်ပြီး ရေနွေးထဲကို စိမ်ပါ။ စက္ကန့် ၃၀ လောက်ဆို ပျော့သွားပါလိမ့်မယ်။ Rice Paper တွေကို ထပ်ချက်နေစရာမလိုပါဘူး။ ရေနွေးဖျောလိုက်ရုံနဲ့ စား လို့ရပါတယ်။
ပျော့သွားတဲ့ Rice Paper ပေါ်မှာ အသား၊ အသီးအရွက်တွေကို တခါစားပမာဏလောက်ကို အလယ်တဝက် လောက်ထည့်ပြီး တဖက်တချက်စီကနေ ခေါက်လိုက်ရုံပါပဲ။ အစာတွေ ထွက်ကြမှာဆိုးရင် Rice Paper ကို ရေ လေးဆွတ်ပြီး ပိတ်လိုက်ရင် ရပါပြီ။
ထုတ်ပိုးပြီးတဲ့ Spring Rolls တွေကို ကိုယ့်စိတ်ကြိုက် ငရုတ်နှစ်နဲ့ပဲဖြစ်ဖြစ်၊ ထိုင်းစတိုင် မြေပဲအနှစ်နဲ့ပဲဖြစ်ဖြစ် တွဲ ဖက်စားနိုင်ပါတယ်။
Ref: The Spruce Eats