Food

ချိုဆိမ့်ဆိမ့်အရသာလေးနဲ့ အကြိုက်တွေ့ကြမယ့် ချိစ်ပြောင်းဖူးကြော်

Want create site? Find Free WordPress Themes and plugins.

ဒီတပတ်ပိတ်ရက် အဆာပြေအကြော်မုန့်လေး လုပ်စားကြည့်ရအောင်။ လတ်လတ်ဆတ်ဆတ် ပြောင်းဖူးတွေကို ချိစ်နဲ့ရောကြော်လိုက်ရင် ချိုဆိမ့်ဆိမ့်အရသာလေးကို ကလေး၊ လူကြီး အကြိုက်တွေ့ကြမယ်ထင်ပါတယ်။ ဒီပုံစံ လေးကတော့ မေမေတို့ချက်ပေးနေကျ ပြောင်ဖူးထောင်းကြော်၊ ပြောင်းဖူးကြော်မျိုးနဲ့မတူဘဲ အရသာသစ်လေးပါ။ Deep Fried အကြော်မျိုးမဟုတ်ဘဲ ဆီနည်းနည်းနဲ့ ကြော်ရတာမျိုးမလို့ မိသားစုကျန်းမာရေးအတွက်လည်း သင့်တော်ပါတယ်။

ချိစ်ပြောင်းဖူးကြော်လုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ အောက်ပါအတိုင်းပါ။

ပြောင်းဖူး

ကြက်သွန်မြိတ်

ငရုတ်သီးစိမ်း

သံပရာသီး

ဂျုံမှုန့်

မုန့်ဖုတ်ဆော်ဒါ

ဆား

ငရုတ်ကောင်းမှုန့်

ကြက်ဥ

နွားနို့

ချိစ်

သံလွင်ဆီ တို့လိုအပ်ပါတယ်။

အရင်ဆုံး အကြော်မကြော်ခင် ပြောင်းဖူးတွေကို ခြွေထားပါ။ ကြက်သွန်မြိတ်နဲ့ ငရုတ်သီးကို ပါးပါးလှီးထားပါ။ ပြင်ဆင်ပြီးပြီးဆိုရင် ဇလုံတခုထဲမှာ ပြောင်းဖူး၊ လှီးထားတဲ့ကြက်သွန်မြိတ်နဲ့ ငရုတ်သီးတို့ကိုရောပြီး သံပရာရည် ညှစ်ပြီး သမအောင်နယ်ပါ။

နောက်ထပ် ပန်းကန်လုံးထဲမှာ ဂျုံမှုန့်ရယ်၊ မုန့်ဖုတ်ဆော်ဒါ၊ ဆား၊ ငရုတ်ကောင်းမှုန့်အနည်းငယ်စီထည့်ပြီး သမ အောင်နယ်ပါ။ ပြီးရင် ပြောင်ဖူးနဲ့နယ်ထားတဲ့ ဇလုံထဲကို ထည့်မွှေပါ။ သမသွားပြီဆိုရင် မွှေထားတဲ့ကြက်ဥ၊ နွား နို့နဲ့ ချိစ်ထပ်ထည့်ပြီး ရောမွှေလိုက်ပါ။

ကြော်ဖို့အဆင်သင့်ဖြစ်ပြီဆိုရင် ကြော်မယ့်ဒယ်အိုးထဲ သံလွင်ဆီအနည်းငယ်ထည့်ပါ။ တခါကြော်အရွယ်လောက် တိုင်းပြီး ထည့်ကြော်ပါ။ ၂ – ၃ မိနစ်လောက်မှာ ရွှေအိုရောင်သမ်းလာရင် တဖက်လှန်ပြီး ထပ်ကြော် လိုက်ရုံပါပဲ။ ကိုယ့်အကြိုက်ပေါ် မူတည်ပြီး ဆား၊ ငရုတ်ကောင်း ထပ်တည့်နိုင်ပါတယ်။ ပိုလို့ကျန်နေတဲ့ ပြောင်းဖူး အနှစ်တွေကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားရင် အထားခံပါတယ်။

Ref: House of Yumm

Did you find apk for android? You can find new Free Android Games and apps.
Loading