သီဟိုဠ်စေ့ကို အချိုပွဲတွေမှာ အများဆုံး ထည့်စားကြသလို ဟင်းလျာတွေထဲမှာ ထည့်သွင်း ချက်ပြုတ်ပြီးလည်း စားလေ့ ရှိကြပါတယ်။ သီဟိုဠ်စေ့ဟာ ကျန်းမာရေးအတွက် ကောင်းကျိုးတွေရှိပေမယ့် များများစားရင်း သွေးတွင်း ကိုလက်စထရောကို တက်စေနိုင်တာကြောင့် များများစားဖို့တော့ မသင့်တော်ပေမယ့် တနေ့ကို သီဟိုဠ်စေ့ ၄ စေ့ခန့် ပုံမှန် စားပေးရုံနဲ့ အခုဖော်ပြပေးမယ့် ကျန်းမာရေး ကောင်းကျိုးတွေ ရရှိနိုင်မှာပါ။
(၁) အမြင်အာရုံတွေ ပိုမို ကောင်းမွန်လာစေနိုင်တယ်
သီဟိုဠ်စေ့မှာပါဝင်တဲ့ Lutein, Zeaxanthin နဲ့ Antioxidant ဓာတ်တွေဟာ မျက်စိအမြင်အာရုံကို ကြည်လင်ကောင်းမွန်စေနိုင်တဲ့ အာဟာရဓာတ်တွေဖြစ်ပြီး ခရမ်းလွန်ရောင်ခြည်ကြောင့် အမြင်အာရုံ မှုန်ဝါးခြင်းတို့ကိုပါ သက်သာစေနိုင်ပါတယ်။
(၂) အရိုးတွေကို ကြံ့ခိုင် သန်မာလာစေနိုင်တယ်
သီဟိုဠ်စေ့ ၁ အောင်စမှာ ကော့ပါး၂၀ ရာခိုင်နှုန်းနဲ့ မဂ္ဂနီဆီယမ် ၃၀ ရာခိုင်နှုန်းခန့် ပါဝင်ပြီး ကော့ပါးဓာတ်ဟာ အရိုးအဆစ်တွေ ဖွံ့ဖြိုးမှုနဲ့ တွယ်ဆက်တစ်ရှူးတွေ ပိုမိုအားကောင်းအောင် ပြုလုပ်ပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်ကတော့ အစားအစာတွေကနေ ကယ်လ်ဆီယမ်ဓာတ် စုပ်ယူမှုကို မြှင့်တင်ပေးနိုင်ပါတယ်။
(၃) ကိုယ်ခံအားကို ကောင်းမွန်စေနိုင်တယ်
ကိုယ်ခံအားနည်းခြင်းကြောင့် ဖြစ်ပေါ်တတ်တဲ့ မကြာခဏ ဖျားနာခြင်း၊ ခေါင်းမူးဝေ မောပန်းခြင်းတွေကို သီဟိုဠ်စေ့မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေက ကာကွယ်ပေးနိုင်ပါတယ်။
(၄) အသားအရေကို စိုပြည်စေနိုင်တယ်
သီဟိုဠ်စေ့မှာပါဝင်တဲ့ Antioxidant ဓာတ်တွေဟာ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေတဲ့ ကော်လဂျင်ထုတ်လွှတ်မှုကို မြှင့်တင်ပေးပြီး အသားအရေကို သဘာဝအတိုင်း စိုပြည် ကြည်လင်စေပါတယ်။
(၅) သွားကျန်းမာရေးကို ကောင်းမွန်စေနိုင်တယ်
သီဟိုဠ်စေ့မှာ ပါဝင်တဲ့ Anacardic acids ဟာ သွားပိုးစားခြင်းကို ဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး သွားတွေကို ခိုင်ခံသန်မာစေနိုင်ပါတယ်။
Ref. www.brightside.me
You may also like these stories:
အသားအရေနဲ့ အလှအပအတွက် နေကြာစေ့ရဲ့ အသုံးဝင်ပုံ အချက် ၅ ချက်
အသားအရေအလှအပအတွက် အသုံးဝင်တဲ့ မြင်းခွာရွက်
မေ့တတ်လွန်းသူတွေ နေ့စဉ် စားသုံးပေးသင့်တဲ့ အစားအစာ ၅ မျိုး
ခန္ဓာကိုယ် ကျန်းမာရေးအတွက် မိုးရေရဲ့ အကျိုးပြုပုံများ