တပတ်မှာနှစ်ကြိမ်ခန့် မှိုစားသုံးပေးခြင်းဟာ အသက်အရွယ်ကြောင့် မှတ်ဉာဏ်ချို့ယွင်းလာမှုနဲ့ အာရုံစူးစိုက်မှု အားနည်းကာ မေ့လျော့လွယ်ခြင်းတို့ကို ကာကွယ်သက်သာစေနိုင်တယ်လို့ စင်ကာပူနိုင်ငံ National University of Singapore (NUS) က ပြုလုပ်တဲ့လေ့လာချက်တွေက ဆိုပါတယ်။
ဒီလေ့လာတွေ့ရှိချက်ကို မကြာသေးခင်ကမှာ လေ့လာပြုလုပ်ခဲ့တာဖြစ်ပြီး လေ့လာမှုအတွက် အသက် ၆၀ အရွယ် တရုတ်လူမျိုး ၆၀၀ ကျော်ခန့်ကို လေ့လာစမ်းသပ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီလေ့လာစမ်းသပ်မှုအတွက် အချိန် ၆ နှစ်ကျော်ခန့်ထိ ပြင်ဆင်လေ့လာ ပြုလုပ်ခဲ့တာဖြစ်ပြီး စမ်းသပ်မှုမှာ ပါဝင်တဲ့ အသက် ၆၀ အရွယ် တရုတ်လူမျိုး ၆၀၀ ကျော်ခန့်ကို စားသောက်နေထိုင်မှုပုံစံမှာ တပတ်ကို ၂ ကြိမ်ခန့် မှိုဟင်းလျာ စားသုံးစေခဲ့တာ ဖြစ်ပါတယ်။
စားလို့ရတဲ့ မှိုအမျိုးအစား အမျိုးမျိုးကို တပတ်မှာနှစ်ကြိမ်ခန့် စားသုံးစေခဲ့တာဖြစ်ပြီး ဒီထဲမှာမှ တပတ်မှာ တကြိမ်လောက်သာ မှိုစားသုံးသူတွေနဲ့ လုံးဝမစားသံုံးသူတွေဟာ အသက်အရွယ်ကြောင့် မှတ်ဉာဏ်ချို့ယွင်းလာမှုကို ပိုမိုခံစားရကြောင်းကို လေ့လာတွေ့ရှိခဲ့တာပါ။
စားလို့ရတဲ့ မှိုအမျိုးအစားတိုင်းလိုလိုမှာပါဝင်တဲ့ Antioxidant နဲ့ အာဟာရဓာတ်တွေဟာ ဦးနှောက်ရဲ့ လုပ်ဆောင်မှု တွေကို ပိုမိုကောင်းမွန်စေပြီး မှတ်ဉာဏ်အားကိုကောင်းမွန်စေနိုင်တဲ့အပြင် အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားခြင်းကနေပါ ကာကွယ်ပေးနိုင်ကြောင်းကို ဒီလေ့လာမှုမှာ တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။
စားလို့ရတဲ့ မှိုအမျိုးအစားပေါင်းများစွာထဲကမှ စည်သွပ်ဘူးမှိုတွေကတော့ ကျန်းမာရေးအတွက် ကောင်းကျိုးရလဒ်တွေ နည်းပါးစေပြီး လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားတဲ့ မှိုဟင်းလျာတွေက ပိုမိုကောင်းမွန်စေနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
မှိုမှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ဦးနှောက်ရဲ့ လုပ်ဆောင်မှုစွမ်းရည်တွေကို တိုးတက်စေရုံသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ စိုးရိမ်ပူပန်မှုများခြင်း၊ စိတ်အတက်အကျမြန်ခြင်းနဲ့ စိတ်ကျရောဂါ တွေကိုပါ ကာကွယ်စေနိုင်တယ်လို့ လေ့လာမှုတွေမှာ ဖော်ပြထားပြီး ဒါနဲ့ပတ်သက်ပြီးတော့ လေ့လာမှုတွေ ထပ်မံပြုလုပ်သွားဦးမယ်လို့ သိရပါတယ်။
Ref. www.studyinds.org
You May Also Like These Stories:
တနေ့ကို သီဟိုဠ်စေ့ ၄ စေ့ စားပေးရုံနဲ့ ရရှိနိုင်မယ့် ကျန်းမာရေး ကောင်းကျိုးများ
ရွှေဖရုံသီးစေ့စားခြင်းကနေ ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုးများ