ဒီတပတ် ဆိုရှယ်မီဒီယာပေါ်မှာ ခေတ်စားနေတဲ့ ဟင်းချက်နည်း ဆန်းဆန်းပြားပြားလေးကို ဝေမျှပေးချင်ပါ တယ်။ လူငယ်တွေကြားမှာ လူကြိုက်များရေပန်းစားနေတဲ့ Bubble Tea ကို ဒီအတိုင်းဖျော်သောက်ရုံတင် မဟုတ်တော့ဘဲ ထမင်းနဲ့ရောချက်ပြီး Boba Rice လို့ခေါ်တဲ့ အရသာအသစ်တမျိုးအကြောင်းကို လူပြောများ လာပါတယ်။
ဒါကလည်း ဂျပန်နိုင်ငံက ထမင်းနဲ့ လက်ဖက်စိမ်းရည် ရောစားတဲ့ Ochazuke ကိုအခြေခံပြီး Bubble Tea ချစ်သူ ဂျပန်အမျိုးသားတဦးက စမ်းချက်ကြည့်ရာက Boba Rice ထမင်းကို လူသိများလာတာပါ။
စစချင်း ချက်စားတုန်းက အချိုးအစားမသိခင်မှာ ဆန်တခွက်ကို Medium Size Bubble Tea တခွက်နဲ့ ၁၅ မိနစ်လောက် ချက်ပြုတ်လိုက်တဲ့အခါ အရသာရှိတဲ့ Boba Rice ကို ရလာခဲ့တယ်လို့ ဆိုပါတယ်။ စာဖတ်သူ တွေကိုယ်တိုင်ရော မြည်းစမ်းကြည့်ချင်တယ်ဆိုရင် ချက်ကြည့်ဖို့အတွက် လိုအပ်တာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
– Bubble Milk Tea
– ဆန် တို့ လိုအပ်ပါတယ်။
ပထမဆုံး စမ်းကြည့်ချင်တယ်ဆိုရင် ဆန်ကို တခွက်လောက်ပဲ အရင်ချက်ပါ။ မချက်ခင် ပုံမှန်ထမင်းချက်သလိုပဲ ဆန်ကို သန့်စင်ဆေးကြောပါ။
သန့်စင်ဆေးထားတဲ့ ဆန်တွေကို ကိုယ့်အကြိုက်ပေါ်မူတည်ပြီး ပေါ်ပြူလာဖြစ်နေတဲ့ သကြားအညို Bubble Tea သုံးနိုင်သလို၊ အရသာအပျော့ကြိုက်ရင်တော့ Milk Tea ဒါမှမဟုတ် ခါးသက်သက်အရသာကို ကြိုက်နှစ် သက်ရင်တော့ Matcha Bubble Tea တို့ကို အသုံးပြုနိုင်ပါတယ်။
Bubble Tea ထည့်ရမယ့် ပမာဏကလည်း ရိုးရိုးရေအတိုင်းအတာ အတိုင်း ဆန်မြှုပ်ရုံပါပဲ။ Tapioca ကတော့ ကိုယ်ကြိုက်နှစ်သက်သလို ထည့်ချက်နိုင်ပါတယ်။
အချိန်ကလည်း ပုံမှန်ထမင်းချက်သလိုပါပဲ။ နည်းနည်းအမာကြိုက်ရင်တော့ ၁၅ မိနစ်လောက်ဆို ရပါပြီ။ ဆိုရှယ် မီဒီယာပေါ်မှာ မျှဝေထားတဲ့ Boba Rice Review တွေအရ အစပထမမှာတော့ ထမင်းကို Bubble Tea နဲ့ ချက် တာ ထူးဆန်းသလိုထင်ရပေမယ့် မြည်းကြည့်လိုက်ရင် အရသာ ဆိုးဆိုးဝါးဝါးမဟုတ်ဘဲ ကော်ဖီနဲ့ ထမင်းနယ် စားသလို အရသာမျိုး ဆိမ့်ဆိမ့်လေးနဲ့ စားကောင်းတယ်လို့ မှတ်ချက်ပေးကြပါတယ်။
စာဖတ်သူကိုယ်တိုင်ရော ကိုယ့်အကြိုက်ဆုံး Bubble Tea နဲ့ ထမင်းရောချက်ရင် ဘယ်လိုအရသာမျိုး ဖြစ်လာ မယ်လို့ မျှော်လင့်လဲ။ တကယ်ပဲ တခြားသူတွေ မှတ်ချက်ပြုသလို အရသာထူးဆန်းမနေဘဲ စားကောင်းတယ်ဆို တာကို ဒီတပတ်ပိတ်ရက်မှာ လက်တွေ့အကောင်အထည်ဖော်ဖို့ ချက်စားကြည့်ကြရအောင်ပါ။
You may also like these stories:
Bubble Tea နဲ့ ထမင်းချက်စားတဲ့ ဂျပန်အမျိုးသား
လူငယ်တွေအကြိုက်များတဲ့ Bubble Tea ကို အိမ်မှာ ကိုယ်တိုင် ဖျော်သောက်ကြမယ်
Bubble Tea အသောက်များပြီး ဆေးရုံရောက်သွားတဲ့ တရုတ်နိုင်ငံက ၁၄ နှစ်အရွယ် မိန်းကလေး