လွယ်ကူ ရိုးရှင်းတဲ့ အိမ်ချက် ကြက်သားခေါက်ဆွဲပြုတ် ချက်ပြုတ်နည်း
BTS အဖွဲ့က J-Hope ရဲ့ “Chicken Noodle Soup” သီချင်း အောင်မြင်မှုကြောင့် သီချင်းထဲက ကကွက်တွေအတိုင်း Dance Challenge တွေခေတ်စားလာသလို၊ ကိုရီးယားစာ ကြက်သားခေါက်ဆွဲပြုတ် (Chicken Noodle Soup) ကလည်း လူတိုင်း မြည်းစမ်းကြည့်ချင်တဲ့ ဟင်းလျာတပွဲ ဖြစ်လာပါပြီ။ ကြက်သားခေါက်ဆွဲပြုတ်တဲ့ စတိုင် အမျိုးမျိုး ရှိပေမယ့် အိမ်မှာပဲ အလွယ်တကူ ပြင်ဆင်ချက်ပြုတ်နိုင်တဲ့ နည်းလမ်းကို ဝေမျှပေးချင်ပါတယ်။
ကြက်သားခေါက်ဆွဲ ပြုတ်ဖို့အတွက်–
ကြက်ရင်ဖုံသား
ငရုတ်ကောင်း
ဆား
ကြက်သွန်နီ
ကြက်သွန်ဖြူ
ကြက်ပြုတ်ရည်
တရုတ်နံနံ
မုန်လာဥနီ
ကရဝေးရွက်
စမုန်ဖြူ
ကြက်ဥခေါက်ဆွဲ
သံပုရာသီးတို့ လိုအပ်ပါတယ်။
အရင်ဆုံး ကြက်ရင်ဖုံးသားတွေကို သန့်စင်အောင် ဆေးကြောပါ။ သန့်စင်ထားတဲ့ ကြက်သားကို ၆ ပိုင်းလောက် တုံးပြီး ငရုတ်ကောင်း၊ ဆားအနည်းငယ်ဖြူးကာ အိုးထဲမှာ ၃၊ ၄ မိနစ်လောက် အပေါ်ယံအရေခွံ အညိုရောင် ပြောင်းသွားတဲ့အထိ ကြော်ပေးပါ။
ပြီးရင်တော့ ကြက်သားကို ဖယ်လိုက်ပြီး အိုးထဲကျန်တဲ့ ကြက်ဆီလေးနဲ့ပဲ ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ဆီ သတ်ပါ။ ပြီးရင် ကြက်ပြုတ်ရည် လောင်းထည့်လိုက်ပါ။ ပြုတ်ရည် ပွက်ပွက် ဆူလာရင် ကြက်သား၊ တရုတ်နံနံ၊ မုန်လာဥနီ၊ ကရဝေးရွက်နဲ့ စမုန်ဖြူတို့ကိုထည့်ပြီး နာရီဝက်လောက် ဆူအောင် တည်ပါ။
မိနစ် ၃၀ လောက် ဆူအောင် တည်ပြီးရင် ကြက်သားကို ဖယ်ပြီး အသားတွေကို နွှင်ပါ။ ကြက်ဥခေါက်ဆွဲကို ခပ်မာမာလေးပြုတ်ပြီး ရေစစ်ပါ။ ပြီးရင်တော့ နွှင်ထားတဲ့ ကြက်သားရယ်၊ ခေါက်ဆွဲကို ပြုတ်ရည်အိုးထဲ ရောထည့်ပါ။ ပွက်ပွက် ဆူလာပြီဆိုရင်တော့ ငရုတ်ကောင်းခတ်ပြီး မီးဖိုးပေါ်က ချလို့ရပါပြီ။
အသီးအရွက် ကြိုက်တဲ့သူဆို ကိုယ်နှစ်သက်ရာ ထည့်ချက်နိုင်ပါတယ်။ စားမယ့် ပန်းကန်လုံးထဲ ထည့်ပြီး တရုတ် နံနံပင်လေးထည့်၊ သံပုရာရည် ညှစ်လိုက်ရင် ရိုးရှင်းလွယ်ကူပြီး စားလို့လည်း အရသာရှိတဲ့ အိမ်ချက် ကြက်သားခေါက်ဆွဲပြုတ် ရရှိပါပြီ။
Ref: Taste of Home
You may also like these stories:
ဒူးရင်းသီးအနံ့အရသာ အပြည့်အဝခံစားမိစေမယ့် ဒူးရင်းပီဇာပြုလုပ်နည်း
ကိုရီးယားစတိုင် ဝက်သားကင်မ်ချီစတူး
နွေရာသီနဲ့ လိုက်ဖက်တဲ့ ရေခဲချောင်းလေးတွေ လွယ်လွယ်ကူကူ လုပ်စားကြမယ်