Food

ဆောင်းဦးပေါက်ရာသီအတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တဲ့  ပန်းသီးအရသာနဲ့ ကိုကာကိုလာ

Want create site? Find Free WordPress Themes and plugins.

ဂျပန်နိုင်ငံမှာ ဖြန့်ဖြူးရောင်းချနေတဲ့ ကိုကာကိုလာကုမ္ပဏီခွဲကနေ ရာသီအလိုက် အရသာအသစ်အဆန်း အမျိုးမျိုးကို ထုတ်လုပ်ခဲ့ရာ ဒီတခါမှာလည်း ဆောင်းဦးပေါက်ရာသီအတွက် ကိုကာကိုလာပန်းသီး အရသာသစ်တမျိုးကို ပထမဆုံးအကြိမ် ထုတ်လုပ်လိုက်ပါတယ်။

ပထမဆုံးအဖြစ် ပန်းသီးနဲ့ ကိုကာကိုလာရဲ့ ပေါင်းစပ်အရသာ Apple Coke ကို ဂျပန်နိုင်ငံအတွင်းမှာပဲ ဆောင်းဦးပေါက် ရာသီအတွက် ရည်ရွယ်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ဆောင်းဦးပေါက်နဲ့ အလိုက်ဖက်ဆုံး ပန်းသီး အနံ့အရသာကို မူလကိုကာကိုလာ အရသာနဲ့ ပေါင်းစပ်ပြီး တန်ဖိုးမြင့် အချိုရည်အရသာအတိုင်း ခံစားနိုင်အောင် ဆန်းသစ်ထားပါတယ်။

ပန်းသီးအရသာ ပိုကဲထားလို့ ပြင်းရှရှအရသာမဖြစ်ဘဲ ပုံမှန်ဆိုဒါအချိုရည်မကြိုက်သူတွေတောင် မြည်းစမ်း ကြည့်နိုင် တယ်လို့ ဆိုပါတယ်။ ပုလင်းဒီဇိုင်းကိုလည်း ရွှေရောင်နဲ့ အနီရောင်ကို အသုံးပြုကာ ရွှေအိုရောင်အပတ် ပေါ်မှာ အနီရောင်စာလုံးနဲ့ Coca Cola Apple လို့ ရေးသားထားပြီး အောက်ခြေကိုတော့ အနီရောင် ပန်းသီး တွေနဲ့ ပုံဖော်ထားလို့ စူပါမားကတ်စင်ပေါ်မှာ ကိုကာကိုလာဘူးပန်းသီး ဘူးအသစ်ကို အလွယ်တကူ ရှာတွေ့ လွယ်မှာပါလို့ ဆိုပါတယ်။

ကိုကာကိုလာ ဂျပန်ကုမ္ပဏီက ၂၀၁၈ ခုနှစ်တုန်းကလည်း မက်မွန်သီးအရသာ Coca Cola Peach ကို မိတ်ဆက် ခဲ့ပါသေးတယ်။ ပထမဆုံးအကြိမ် စတင်ထုတ်လုပ်ခဲ့တဲ့ မက်မွန်သီးအရသာဟာ ဂျပန်နိုင်ငံရဲ့ ဈေးကွက်နဲ့ တော့ အကိုက်ညီဆုံးဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ ဂျပန်လူမျိုးတွေဟာ ရှေးယခင်ကတည်းက မက်မွန်သီး ဟာ မကောင်းဆိုးဝါးတွေကို ဖယ်ရှားနိုင်တယ်ဆိုတဲ့ အယူဆကြောင့် လူကြိုက်များပါတယ်။

ဒါ့ပြင် ကိုကာကိုလာ ဂျပန်ကနေ ထုတ်လုပ်ခဲ့တဲ့ နာမည်ကြီးအရသာသစ်တွေကတော့ ကော်ဖီအရသာနဲ့ ဆိုဒါ အရသာ ပေါင်းစပ်မှုအဖြစ် Coca Cola Plus Coffee ၊ ဂျပန်နိုင်ငံရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ ဆာကူရာ (သို့) ချယ်ရီပန်း ဒီဇိုင်းပါ ဘူးတွေကိုလည်း ထုတ်လုပ်ခဲ့ဖူးပါတယ်။

၂၀၁၉ နှစ်ဆန်းပိုင်းမှာတော့ ဂျပန်နိုင်ငံထဲကို ၂၇ နှစ်ကြာ ရောင်းချလာတဲ့ ကိုကာကိုလာအချိုရည် ဈေးနှုန်းတွေ ကို ဂျပန်အစိုးရရဲ့ အခွန်နှုန်းထားသစ်ကြောင့် ပထမဆုံးအကြိမ် တိုးမြင့်ခဲ့ရပါတယ်။ ပျှမ်းမျှ ၁.၅ (သို့) ၂ လီတာ ဘူးကြီးတွေကို ဂျပန်ယန်းငွေ ၂၀ (အမေရိကန်ဒေါ်လာ ဝ.၁၈) တိုးမြင့်ခဲ့ပါတယ်။

Ref: SORA News 24

You may also like these stories:

စွန့်ပစ် ပလတ်စတစ်တွေကို Recycle လုပ်ပြီး အချိုရည်ဘူးအဖြစ် ပြန်အသုံးပြုမယ့် Coca-Cola

အချိုရည်တွေထဲမှာပါတဲ့ သကြားဓာတ်ပေါ် မူတည်ပြီး အခွန်တိုးကောက်တော့မယ့် ထိုင်းနိုင်ငံ

ပြန်လည်ဆန်းသစ် ထုတ်လုပ်တော့မယ့် ကော်ဖီအရသာ Coca-Cola Blak

Did you find apk for android? You can find new Free Android Games and apps.
Loading