ရာသီပေါ်သီးနှံတမျိုးဖြစ်တဲ့ သြဇာသီးဟာဆိုရင်တော့ သင့်ခန္ဓာကိုယ်ကျန်းမာရေးအပေါ် ထင်မထားလောက်အောင်ပဲ ကောင်းကျိုးတွေ ရှိနေပါတယ်။ ဒါကြောင့်မို့လို့ ကျန်းမာရေးအတွက် သြဇာသီးပေးသင့်တဲ့ အကြောင်းရင်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။
(၁) ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်တယ်
ဆေးပညာရှင်တွေရဲ့ သုတေသနလေ့လာချက်တွေအရ သြဇာသီးမှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ကင်ဆာဖြစ်ပေါ် စေတဲ့ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်တယ်လို့ သိရပါတယ်။ အူမကြီးကင်ဆာ၊ အသည်းကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့ ရင်သားကင်ဆာဖြစ်ပွားစေတဲ့ ကင်ဆာဆဲလ်တွေကို အဓိကအားဖြင့် တိုက်ဖျက်ပေးနိုင်တယ်လို့ သိရပါတယ်။
(၂) နှလုံးကျန်းမာရေးပြဿနာတွေကို လျော့ကျစေနိုင်တယ်
သြဇာသီးမှာ ဗီတာမင် B6 ဓာတ်ကြွယ်ဝစွာပါဝင်ပြီး နှလုံးသွေးကြောပိတ်တာနဲ့ နှလုံးသွေးကြောကျဉ်းတာတွေကို ဖြစ်ပေါ်စေတဲ့ Homocystein ဓာတ်ကို ဟန့်တားပေးနိုင်ပါတယ်။ လေ့လာမှုတွေအရ နှလုံးရောဂါနဲ့ ရုတ်တရက် လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးနိုင်တဲ့ အသီးအုပ်စုတွေထဲမှာ သြဇာသီးဟာလည်း တခုအပါအဝင်ဖြစ်ပါတယ်။
(၃) ဆီးချိုရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တယ်
သြဇာသီးမှာပါဝင်တဲ့ သဘာဝအမျှင်ဓာတ်တွေဟာ အစားအစာတွေဆီကနေ သကြားဓာတ်စုပ်ယူမှုကို လျော့ကျစေနိုင်ပြီး အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်ပွားခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။
(၄) သွေးတိုးရောဂါကို သက်သာစေနိုင်တယ်
သြဇာသီးမှာ ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝစွာ ပါဝင်ပြီး ပိုတက်ဆီယမ်ဓာတ်ဟာဆိုရင်တော့ ခန္ဓာကိုယ်မှာရှိတဲ့ သွေးတိုးစေနိုင်တဲ့ ဆိုဒီယမ်ဓာတ်တွေကို ဆီးကနေတဆင့် ပြင်ပကို စွန့်ထုတ်နိုင်အောင် ပြုလုပ်ပေးပြီး သွေးတိုးရောဂါကို သက်သာစေနိုင်ပါတယ်။
(၅) ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်တယ်
သြဇာသီးဟာ အမျှင်ဓာတ်ကြွယ်ဝပြီး ကယ်လိုရီနည်းပါးစွာပဲ ပါဝင်တာကြောင့် ကိုယ်တွင်းက မကောင်းတဲ့ ကိုလက်စထရောပမာဏကို လျောနည်းစေနိုင်ပြီး ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။
Ref. www/stylecraze.com