ပဲအမျိုးမျိုးထဲမှာ ပဲထောပတ်ဟာ လူအများစု ကြိုက်နှစ်သက်စွာ စားသုံးကြတဲ့ ပဲတမျိုးဖြစ်သလို ကြော်စားစား၊ ချက်စားစား အရသာရှိတဲ့ ပဲတမျိုးလည်း ဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ပဲထောပတ်ရဲ့ လူသိနည်းတဲ့ ကျန်းမာရေးကောင်းကျိုးတွေပဲ ဖြစ်ပါတယ်။
(၁) အရိုးတွေကို သန်မာစေတယ်
ပဲထောပတ်ဟာ ကယ်လ်ဆီယမ်နဲ့ Magnesium ဓာတ်ကြွယ်ဝတဲ့ အစားအစာတမျိုး ဖြစ်တာကြောင့် အရိုးတွေကို ကြံ့ခိုင်သန်မာစေပြီး အရိုးသိပ်သည်းဆကို ကောင်းမွန်စေပါတယ်။ အသက်အရွယ်ကြောင့် ဖြစ်တဲ့ အရိုးပွခြင်း၊ အရိုးပါးခြင်းတွေကိုလည်း ကြိုတင်ကာကွယ်ပေးနိုင်ပါသေးတယ်။
(၂) အစာခြေစနစ်ကို ကောင်းမွန်စေတယ်
ပဲထောပတ်မှာပါဝင်တဲ့ ပိုတက်ဆီယမ်ဓာတ်ဟာ အစာခြေစနစ်ကို ကောင်းမွန်စေပြီး အစာခြေစနစ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေကို ကောင်းမွန်စေနိုင်ပါတယ်။
(၃) အားအင်ပြည့်ဝစေတယ်
ပဲထောပတ်ဟာ ခန္ဓာကိုယ်က လိုအပ်တဲ့ ကာဗိုဟိုက်ဒရိတ်တွေကို ဖြည့်တင်းပေးနိုင်တာကြောင့် အားအင်ကို ပြည့်ဝစေနိုင်ပါတယ်။ အဆီဓာတ်ပါဝင်မှု နည်းပါးပြီး ကယ်လိုရီပါဝင်မှုလည်း နည်းပါးတာကြောင့် ကိုယ်အလေးချိန် မြင့်တက်ခြင်းကို မဖြစ်စေနိုင်ဘဲ အားအင်ပြည့်ဝမှုကို မြင့်တက်စေနိုင်ပါတယ်။
(၄) အသားအရေကို ကြည်လင်စိုပြည်စေနိုင်တယ်
ပဲထောပတ်မှာ ပါဝင်တဲ့ ကော့ပါးဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်သတ္တိတွေဟာ အသားအရေရဲ့ ပျက်စီးသွားတဲ့ ဆဲလ်တွေကို ပြန်လည်ကောင်းမွန်စေပြီး သဘာဝအတိုင်း ကြည်လင်ကောင်းမွန်လာစေနိုင်ပါတယ်။
(၅) နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်
ပဲထောပတ်မှာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးတွင်းကိုလက်စထရောဓာတ်ကို ကျဆင်းစေပြီး နှလုံးရောဂါအပါအဝင် ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာ စတာတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။
Ref. www.stylecraze.com