ရောဂါဝေဒနာတွေ တနေ့တခြား များပြားလာမှုဟာ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေနဲ့ ဆက်စပ်မှုရှိပြီး တချို့သော အစားအစာတွေဟာ ကင်ဆာရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေပေမယ့် လူကြိုက်များပြီး တွင်တွင်ကျယ်ကျယ် စားသုံးနေကြပါတယ်။ နေ့စဉ် သတိမထားမိလိုက်ဘဲ စားသုံးနေတဲ့ ဘယ်လိုအစားအစာမျိုးတွေက ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။
(၁) အကင်တွေ
အကင်ဆိုတာ မကြိုက်တဲ့သူ မရှိလောက်အောင် စားသုံးမှုများပြီး လူတိုင်းနီးပါး နှစ်ခြိုက်ကြတဲ့အစားအစာပါ။ အကင်တွေဟာ ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေတဲ့ အစားအစာ တမျိုးဖြစ်ပြီး လုံလောက်တဲ့ အပူချိန် မရရှိဘဲ မကျက်တကျက် ကင်ထားတဲ့ အသားကင်လို အကင်မျိုးတွေကို မကြာခဏ စားသုံးတာမျိုး ရှောင်ကြဉ်သင့်ပါတယ်။
(၂) ဆိုဒါအချိုရည်
ဈေးကွက်ထဲမှာ တံဆိပ်မျိုးစုံနဲ့ ရောင်းချနေပြီး လူကြိုက်များတဲ့ ဆိုဒါအချိုရည်တွေမှာ ဆိုးဆေးတွေ၊ သကြားဓာတ် အများအပြားနဲ့ ကြာရှည်ခံ ဓာတုဆေးတွေ အများအပြား ပါဝင်တာကြောင့် မကြာခဏဆိုသလို သောက်သုံးမှုကို ရှောင်ကြဉ်သင့်ပါတယ်။
(၃) အာလူးကြော်
နောက်ထပ် လူကြိုက်များတဲ့ အစားအစာတမျိုးဖြစ်ပြီး ကလေး၊ လူကြီးမရွေး မကြာခဏ ဆိုသလို စားသုံးလေ့ရှိကြတဲ့ အစားအစာ တမျိုးပါ။ အာလူးကြော်မှာ ပါဝင်တဲ့ ကယ်လိုရီဓာတ်ဟာ ကိုယ်အလေးချိန်ကို မြင့်တက်စေနိုင်ရုံသာမက ကိုယ်တွင်း သွေးလည်ပတ်မှု ဆိုင်ရာကိုလည်း အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
(၄) ပြောင်းဖူးပေါက်ပေါက်
လူကြိုက်များတဲ့ သရေစာတမျိုးဖြစ်ပြီး ရုပ်ရှင်ကြည့်ချိန်၊ ပျော်ပွဲစားထွက်ချိန်တွေမှာ မပါမဖြစ် စားကြတဲ့ အစားအစာတမျိုးပါ။ Microwave ကိုအသုံးပြုပြီး ဖောက်ထားတဲ့ ပြောင်းဖူးပေါက်ပေါက်ဟာ ပန်ကရိယာကင်ဆာနဲ့ အသည်းကင်ဆာ ဖြစ်ပွားမှုကို မြင့်တက်စေနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။
Ref. www.littlethings.com
You may also like these stories:
မီးဖိုချောင်ထဲမှာ မထားသင့်တဲ့ အစားအစာ ၅ မျိုး
လူဖြစ်ရကျိုးနပ်အောင် မြည်းစမ်းကြည့်သင့်တဲ့ အစားအစာများ
ဆားစားသုံးမှုများနေပြီဆိုတာ သတိပေးနေတဲ့ ကျန်းမာရေး လက္ခဏာ ၅ ခု