• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Food

သရေစာ (သို့မဟုတ်) အရံဟင်းအနေနဲ့ စားသုံးနိုင်တဲ့ ပဲငံပြာရည်စိမ် ကြက်ဥ လုပ်နည်း

by Aurora
8 December 2019
in Food
A A
ပဲငံပြာရည်စိမ် ကြက်ဥကို ဂျပန်ခေါက်ဆွဲ Ramen တွေနဲ့လည်း တွဲစားလေ့ရှိပါတယ်။

ပဲငံပြာရည်စိမ် ကြက်ဥကို ဂျပန်ခေါက်ဆွဲ Ramen တွေနဲ့လည်း တွဲစားလေ့ရှိပါတယ်။

8.6k
VIEWS
Share on FacebookShare on Twitter

ကြက်ဥကို ပဲငံပြာရည် စိမ်ထားတာကို တရုတ်နဲ့ ဂျပန်နိုင်ငံမှာ စားလေ့ ရှိကြပါတယ်။ ကြက်ဥကိုပြုတ်ပြီး ပဲငံပြာရည်၊ သကြား၊ ရေနဲ့ တခြား ဆေးဘက်ဝင် သစ်မြစ်၊ သစ်ဥတွေနဲ့ ပြုတ်ပြီး စိမ်ထားတဲ့ ပဲငံပြာရည်စိမ် ကြက်ဥကို ဒီအတိုင်း သရေစာအဖြစ် ဒါမှမဟုတ် အသား၊ ခေါက်ဆွဲတွေနဲ့ တွဲဖက်စားလေ့ရှိပါတယ်။

ဂျပန်စတိုင် “ပဲငံပြာရည်စိမ် ကြက်ဥ” ဒါမှမဟုတ် “Shoyu Tamago” ကတော့ တရုတ်စတိုင်နဲ့ အနည်းငယ်ကွဲပြားပြီး ရိုးရိုးရှင်းရှင်းနဲ့ အိမ်မှာပဲ အလွယ်တကူ လုပ်နိုင်ပါတယ်။ ဂျပန်နိုင်ငံမှာတော့ ပဲငံပြာရည်စိမ်ကြက်ဥကို သရေစာအနေနဲ့ စားကြသလို မနက်စာ အရံဟင်းအဖြစ်လည်း စားတတ်ကြပါတယ်။ ဒါ့ပြင် နာမည်ကျော် Ramen ခေါက်ဆွဲပေါ်မှာ Topping အနေနဲ့ Shoyu Tamago အဖြစ် ထည့်ပေးလေ့ရှိကြပါတယ်။

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
388
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
824
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.6k

ပဲငံပြာရည်စိမ် ကြည်ဥ လုပ်ဖို့အတွက် —

– ကြက်ဥ (သို့မဟုတ် ဘဲဥ နှစ်သက်ရာ သုံးနိုင်ပါတယ်)

– ပဲငံပြာရည် (အကြည် ဒါမှမဟုတ် အနောက်)

– ရေ

– သကြားတို့ လိုအပ်ပါတယ်။

အရင်ဆုံး ကြက်ဥတွေကို ကိုယ်နှစ်သက်သလို အကျက်ပြုတ်ပါ။ အခွံနွှာ၊ ရေဆေးပြီး ဖယ်ထားပါ။

အိုးတလုံးထဲမှာ ပဲငံပြာရည်ကို ရေနဲ့ရောပြီး သကြား အနည်းငယ် ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပါ။ ဆူလာပြီ ဆိုရင်တော့ ပြုတ်ထားတဲ့ ကြက်ဥပြုတ်တွေကို ထည့်ပြုတ်ပါ။ ကြက်ဥတွေ မွှေတဲ့အခါ သစ်သား ဒါမှမဟုတ် ရာဘာ ဇွန်းကို သုံးပါ။

ပဲငံပြာရည်တွေ ကြက်ဥထဲ ပျော်ဝင်သွားတဲ့ထိ ကိုယ်ကြိုက်နှစ်သက်တဲ့ အရသာအတိုင်း အပေါ့ကြိုက်ရင် ၂ မိနစ်လောက် ပြုတ်ပါ။ အငန်ကဲတာ ကြိုက်ရင်တော့ ၅ မိနစ် ဒါမှမဟုတ် ၆ မိနစ်လောက် ပြုတ်ပါ။ ပြီးရင်တော့ ပဲငံပြာရည်နဲ့ ပြုတ်ထားတဲ့ ကြက်ဥတွေနဲ့ အရည်တွေကို ဖန်ခွက်တခုထဲ ထည့်ပြီး အဖုံးဖုံးကာ ရေခဲသေတ္တာထဲ ထားပါ။

ကိုယ်ကြိုက်နှစ်သက်တဲ့ အရောင် အနု၊ အရင့်ပေါ် မူတည်ပြီး ရေခဲသေတ္တာထဲ ၂ ရက်ကနေ ၃ ရက်အထိ ထည့်ထားပြီးရင် ကြက်ဥတွေကို ဆယ်ပြီး စားသုံးလို့ ရပါပြီ။

ကြက်ဥပြုတ်ကို အကျက် မကြိုက်ရင်လည်း နှစ်သက်သလို အကာကျက်ရုံလည်း ပဲငံပြာရည်စိမ်ကြက်ဥ လုပ်လို့ ရပါတယ်။

Ref: The Spruceeats

Your Thoughts …
Tags: Shoyu Tamagoဂျပန်စတိုင်ပဲငံပြာရည်စိမ် ကြက်ဥ
Aurora

Aurora

Contributor

Similar Picks:

ဂျပန်စတိုင် Takoyaki ရေဘဝဲလုံး

ဂျပန်စတိုင် ရေဘဝဲ Takoyaki လုပ်စားကြမယ်

by Aurora
18 October 2020
6.8k

Takoyaki ဟာ “ကင်ထား၊ ကြော်ထားတဲ့ ရေဘဝဲ”လို့ အဓိပ္ပာယ်ရပြီး၊ အများအခေါ်ကတော့ “ရေဘဝဲလုံး (သို့) ရေဘဝဲဖက်ထုပ်”လို့ ဆိုကြပါတယ်။

ဂျပန်စတိုင် ကြက်ဥ အသားညှပ်ပေါင်မုန့်

ဂျပန်စတိုင် ကြက်ဥ အသားညှပ်ပေါင်မုန့် လုပ်စားကြမယ်

by Aurora
31 May 2020
10.1k

အရင်ဆုံး ကြက်ဥကို ပြုတ်ပါမယ်။ ပြုတ်ထားတဲ့ ကြက်ဥတွေကို ရေခဲစိမ်ပါ။ ပြီးရင် အခွံနွှာပြီး ပန်းကန်လုံး တလုံးထဲမှာ ထည့်ပါ။ ကြက်ဥပြုတ်တွေကို ခရင်းနဲ့ မွသွားတဲ့ထိ ချေပါ။

ဂျပန်စတိုင် အမဲသား ဟော့ပေါ့ “Sukiyaki”

ရာသီဥတုအေးအေးနဲ့ လိုက်ဖက်တဲ့ ဂျပန်စတိုင် အမဲသား ဟော့ပေါ့

by Aurora
27 December 2020
4k

ဂျပန်လူမျိုးတွေသာမက နိုင်ငံခြားသားတွေပါ အရသာတွေ့တဲ့ Sukiyaki ဟာ တကယ့်ကို ဆောင်းညတွေရဲ့ အထူးညစာအဖြစ် အလိုက်ဖက်ဆုံးပါ။

ဂျပန်စတိုင် အမဲသား Gyoza

ဂျပန်စတိုင် အမဲသား Gyoza လုပ်စားရအောင်

by Aurora
10 May 2020
5.4k

စောစောက အရသာသွင်းထားတဲ့ အစာတွေကို ဂျုံပြားအလယ်မှာထည့်ပြီး အဖျားတွေကို ပိတ်လိုက်ပါ။

Next Post
အရသာရှိအောင် ပြုပြင်စီမံထားတဲ့ အစားအစာတွေကိုလည်း စိတ်ဖိစီးမှု များနေချိန် မစားသင့်ပါဘူး။

စိတ်ဖိစီးမှုများပြီး စိတ်သောက ရောက်နေချိန်မှာ မစားသင့်တဲ့ အစားအစာများ

ကလေးငယ်တွေ နေ့ခင်းဘက် တရေးတမော အိပ်စက်ခြင်းဟာ နေ့စဉ် လိုအပ်ချက်တခု ဖြစ်ပါတယ်။

နေ့ခင်းဘက် တရေးတမော အိပ်တဲ့ ကလေးငယ်တွေဟာ စွမ်းဆောင်ရည် ပိုကောင်းကြောင်း တွေ့ရှိ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.4k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate